“လူထုအား အခြေပြု တပ်ပေါင်းစုကို ပုံဖော်” ဆိုသည့် ရွာပေါင်းစုံသပိတ်

By ပါခွီး
02 March 2023
“လူထုအား အခြေပြု တပ်ပေါင်းစုကို ပုံဖော်” ဆိုသည့် ရွာပေါင်းစုံသပိတ်

(မဇ္စျိမ) ။    ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး   စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရက်ပေါင်း ၇၂၀ ရက်မြောက်အဖြစ် မတ်လ ၂ရက်၊ ယနေ့တွင် ဆက်လက်ချီ တက်ကြသည်။

လူထု သပိတ်စစ်ကြောင်းသည်““လူထုအား အခြေပြု တပ်ပေါင်းစုကို ပုံဖော်” ဆိုသည့် စာတန်းကိုင်စွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ပြီး နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသည့် အာဇာနည်သူရဲကောင်း အပေါင်းအား ဦးညွှတ်အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်း ခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly