ပါကစ္စတန်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ  ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ ၇ လအတွင်း ၄၄ ရာခိုင်နှုန်း ကျဆင်း

By ANI
02 March 2023
ပါကစ္စတန်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ  ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ ၇ လအတွင်း ၄၄ ရာခိုင်နှုန်း ကျဆင်း

ပါကစ္စတန်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) သည် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်၏ ပထမ ၇ လအတွင်း ၄၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပါကစ္စတန်အခြေစိုက်ဘဏ္ဍာရေးဆိုင်ရာနေ့စဉ်သတင်းစာ Business Recorder က ဖော်ပြသည်။

နိုင်ငံ၏ FDI ပမာဏသည် ၂၀၂၂ ခုနှစ် ဇူလိုင်မှ ၂၀၂၃ ဇန်နဝါရီ ၂၃ ရက် အထိ အမေရိကန်ဒေါ်လာ ၆၈၃ သန်းရှိပြီး ယမန်နှစ် ဘဏ္ဍာနှစ်၏ အလားတူကာလ၌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံ ရှိခဲ့ကြောင်း ပါကစ္စတန်ဗဟိုဘဏ် (SBP)  ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ 

ယခုဘဏ္ဍာရေးနှစ်၏ ပထမ ၇ လအတွင်း အသားတင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၄ သန်းဖြင့် အနုတ်လက္ခဏာဆောင်နေကြောင်း နိုင်ငံတော်ဘဏ်မှ အချက်အလက်များအရ သိရသည်။

ပါစ္စတန်တွင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၂ ခုနှစ် ဇူလိုင်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီအထိ အမေရိကန်ဒေါ်လာ ၃၄၁ ဒသမ ၄ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလက ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၇၅ ဘီလီယံရှိသည်။

ပါကစ္စတန်၏ လက်ရှိအခြေအနေသည် ပြီးခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း နိုင်ငံအတွက် အခက်ခဲဆုံးအချိန်ကို ရင်ဆိုင်နေရကြောင်း South Asia Press က မကြာသေးမီက ဖော်ပြခဲ့သည်။ 

နိုင်ငံသည် စီးပွားရေးအကျပ်အတည်း၊ နိုင်ငံရေးမငြိမ်မသက်မှုများနှင့် ရင်ဆိုင်နေရပြီး အနောက်မြောက်ပိုင်း ဒေသများတစ်လျှောက် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခြင်းနှင့်အတူ အရင်းအမြစ်များ ပြုန်းတီးနေသည်ဟု ဆိုသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ မန်နေဂျင်းဒါရိုက်တာ ခရစ်စတယ်လ်လီနာ ဂျော်ဂျီယာဗာက ပါကစ္စတန်နိုင်ငံအား ကြွေးမြီပြင်ဆင်မှုများလုပ်ရမည့် အန္တရာယ်ရှိသော အနေအထားသို့ မရောက်ရှိစေဘဲ နိုင်ငံတစ်နိုင်ငံအဖြစ် ကောင်းစွာလည်ပတ်နိုင်အောင် လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly