ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာစဉ် ထိုင်းတွင် အလုပ်လက်မဲ့နှုန်း ကျဆင်း

By ရိုက်တာ
02 March 2023
ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာစဉ် ထိုင်းတွင် အလုပ်လက်မဲ့နှုန်း ကျဆင်း

ထိုင်းနိုင်ငံတွင် အဓိကအရေးပါသော ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်နာလန်ထူလာခြင်းနှင့်အတူ နိုင်ငံ၏ အလုပ်လက်မဲ့မှုနှုန်းသည် ၂၀၂၂ ၏ စတုတ္ထသုံးလပတ်တွင် ၁ ဒသမ ၁၅ ရာခိုင်နှုန်းကို ကျဆင်းခဲ့ပြီး ထိုမတိုင်မီ အစောပိုင်းသုံးလပတ်က ၁ ဒသမ ၂၃ ရာခိုင်နှုန်း ဖြစ်ကြောင်း အစိုးရ စီမံကိန်းရေးဆွဲမှုအေဂျင်စီက မတ်လ ၂ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာနှင့် ဒီဇင်ဘာအကြားကာလတွင် အလုပ်အကိုင်ခန့်အပ်မှုက အစောပိုင်းတစ်နှစ်ကထက် ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ယင်းသည် စက်တင်ဘာ သုံးလပတ်က ၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်မှုနှင့် ယှဉ်ပါက နှေးကွေးနေကြောင်း အေဂျင်စီက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် အလုပ်အကိုင်များ တိုးလာသော်လည်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ၌ အလုပ်သမားငှားရမ်းခန့်ထားမှုက ကျုံ့ဝင်ခဲ့ကြောင်း အေဂျင်စီထံမှ သိရသည်။

ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွားဦးရေ ၂၈ သန်းအထိ လာရောက်လည်ပတ်ဖွယ် ရှိနေသည် ဆိုသော်လည်း နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် လုပ်သားဝန်ထမ်း လုံလုံလောက်လောက်မရှိသေးဘဲ ဖြစ်နေဆဲဟု နိုင်ငံတော် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ အကြီးအကဲ ဒါနုချာ ပီချာယန်နန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

သို့သော် ပို့ကုန်လုပ်ငန်းကဏ္ဍတွင် နောက်ထပ် အရှိန်နှေးကွေးမှု လက္ခဏာများ ပြနေပြီး ပို့ကုန်များကို ထောက်ကူပံ့ပိုးနိုင်ရန်နှင့် လုပ်ငန်းကဏ္ဍအတွင်း အလုပ်အကိုင်များကို ထိန်းထားနိုင်ရန် အားထုတ်ကြိုးပမ်းသင့်ကြောင်း ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံတွင် အလုပ်သမားအင်အား ၃၉ သန်း ရှိခဲ့ပြီး အလုပ်လက်မဲ့နှုန်းက ၁ ဒသမ ၃၂ ရာခိုင်နှုန်း ဖြစ်ကြောင်း အေဂျင်စီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required