ချင်းပြည်နယ်တွင် စစ်ကောင်စီကနှစ်လအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁၅ကြိမ်ထက်မနည်းပြုလုပ်

01 March 2023
ချင်းပြည်နယ်တွင် စစ်ကောင်စီကနှစ်လအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁၅ကြိမ်ထက်မနည်းပြုလုပ်

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က ယခုနှစ် နှစ်လတာအတွင်း လေကြောင်း တိုက်ခိုက်မှုပေါင်း၁၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှစ်လအတွင်း အကြမ်းဖက် စစ်ကောင်စီကချင်းပြည်နယ်အတွင်းရှိ ထန်တလန်၊ ဟားခါး၊ မတူပီ ၊ မင်းတပ်မြို့နယ်များ၌လေကြောင်းတိုက်ခိုက်မှု အခြေအနေကို စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

နှစ်လအတွင်း ချင်းပြည်နယ်မှာ တိုက်လေယာဉ် ၊ စစ်ရဟတ်ယာဉ် များဖြင့် အနည်းဆုံး ၁၁၅ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှု အများဆုံး ပြုလုပ်ခံရတဲ့ မြို့နယ်မှာ ထန်တလန်မြို့နယ် ဖြစ်ပြီး CNF ဌာနချုပ်နေရာ၊ ထန်တလန်မြို့တွင်း နေရာများကို လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလမှာ အကြိမ် ၄၀နှင့် ဖေဖော်ဝါရီတွင် ၇၅ ကြိမ် စစ်တပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required