အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ် ရန်လိုမှုကို တန်ပြန်ရန်   မဟာမိတ်ဖွဲ့စည်းခြင်း အရေးကြီးလာ

By ANI 
28 February 2023
အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ် ရန်လိုမှုကို တန်ပြန်ရန်   မဟာမိတ်ဖွဲ့စည်းခြင်း အရေးကြီးလာ

ကမ္ဘာ့စီးပွားရေး ထိပ်သီး ၇ နိုင်ငံ (ဂျီ-၇) သည် နိုင်ငံအလိုက် မဟာဗျူဟာများ ကွဲပြားနေသော်လည်း တရားဥပဒေစိုးမိုးရေးကို ကတိပြုထားကြပြီး ၂၀၂၁ ခုနှစ်ကတည်းက အင်ဒို-ပစိဖိတ် ဒေသတွင် အနောက်တိုင်းညွန့်ပေါင်းတည်ဆောက်ရေး ကြိုးပမ်းမှုများကို ဦးဆောင်ခဲ့ကြောင်း ဒိန်းမတ်နိုင်ငံတကာလေ့လာရေးဌာန၏ အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးများကို ဖိနှိပ်ကာ မီဒီယာများကို အလုံးစုံ ဆင်ဆာဖြတ်တောက်နေသည့် တရုတ်၊ တိဗက်၊ ရှင်ကျန်း၊ မြောက်ကိုးရီးယား၊ ဝီဂါတို့နှင့် ပတ်သက်သည့် ဆင်ဆာမဲ့ သတင်းအချက်အလက်များကို အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ (VAA) က ဖော်ပြခဲ့သည်။

နေတိုးအတွင်းရေးမှူး ယန်းစတိုတန်ဘာ့ဂ်သည် အတ္တလန္တိတ်ဖြတ်ကျော်နှင့် အင်ဒို-ပစိဖိတ်ဆိုင်ရာ လုံခြုံရေးများ အပြန်အလှန်ချိတ်ဆက်နေကြောင်း သတင်းစကားပါရန် တောင်ကိုရီးယားနှင့် ဂျပန်သို့ မကြာသေးမီက သွားရောက်ခဲ့သည်။

တရုတ်၏ အကွက်ချစိန်ခေါ်မှုများကြောင့်ပေါင်းစည်းလာသည့်  အနောက်တိုင်းကာကွယ်ရေး မဟာမိတ်အဖွဲ့သည် နိုင်ငံတကာစည်းမျဉ်းအခြေပြု အခင်းအကျင်းကို ကာကွယ်ရေးအတွက် ပူးပေါင်းလုပ်ဆောင်နေသော ဒီမိုကရေစီနိုင်ငံများကို အလေးထားလာသည်ဟု VAA ကဆိုသည်။

တရုတ်ကို ရန်သူအဖြစ် စတိုတန်ဘာ့ဂ်က မဖော်ပြခဲ့သော်လည်း တရုတ်၏ အကျပ်ကိုင်မူဝါဒများသည် အင်ဒို-ပစိဖိတ်နှင့် ဥရောပ-အတ္တလန္တိတ်လုံခြုံရေးအတွက် အကျိုးဆက်များရှိကြောင်း ပြောခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့၏ ပြိုင်ဆိုင်မှုကြောင့် လုံခြုံရေးအခြေအနေပြောင်းလဲကာ Quad နှင့် AUKUS ကဲ့သို့သော ဒေသတွင်းအုပ်စုအသစ်များ ဖြစ်လာပုံကို စောင့်ကြည့်နေသော လေ့လာသူများအတွက် အင်ဒို-ပစိဖိတ် ဒေသသည် အာရုံစိုက်ရာ ဗဟိုချက်ဖြစ်လာသည်။ 

အခြေခံနိုင်ငံရေးစံနှုန်းများနှင့် အခြေခံမူများ မျှဝေခြင်းကို စိတ်တူကိုယ်တူရှိခြင်းဟု နေတိုးက သတ်မှတ်ထားကာ ဒေသတွင်းတွင် ထိတွေ့ဆက်ဆံမှုကို ပိုမိုပြုလုပ်ပြီး တရုတ်နှင့် ခပ်ခွာခွာနေလာချိန်တွင် ယင်းက အနောက်နိုင်ငံများအတွက် အရေးကြီးသော စံနှုန်းတစ်ခုဖြစ်လာသည်။

ဂျီ-၇ နိုင်ငံများသည် စိတ်တူကိုယ်တူရှိသောနိုင်ငံများ မဟာမိတ်အဖွဲ့အဖြစ် ခိုင်မာသော ဘုံရပ်တည်ချက်တစ်ရပ်ကို ချမှတ်ထားကာ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအခြေခံမူများနှင့် အငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းရေးအပေါ် အခြေခံ၍ အားလုံးပါဝင်သော လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသ၏ ဇာတ်ကြောင်းကို မြှင့်တင်မည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly