တရုတ်မှ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကို ဥရောပအထက်လွှတ်တော်အမတ်များအဖွဲ့ ထောက်ခံ 

By ANI  
28 February 2023
တရုတ်မှ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကို ဥရောပအထက်လွှတ်တော်အမတ်များအဖွဲ့ ထောက်ခံ 

ဥရောပသုတေသနကောင်စီ (ERC) ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် နိုင်ငံရေးပါတီများမှ အထက်လွှတ်တော်အမတ် ၃၀ က တိဗက်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပံ့ပိုးပေးရေးအတွက် ပါလီမန်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို တည်ထောင်လိုက်ကြောင်း Europe Press က ဖော်ပြသည်။

မဟာမိတ်အဖွဲ့ကို ဖေဖော်ဝါရီလ ၂၂ ရက်တွင် တရားဝင်ဖွဲ့စည်းခဲ့သည်။ တိဗက်လူမျိုးများအတွက် စစ်မှန်ပြီး အဓိပ္ပာယ်ပြည့်ဝသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တရုတ်ခေါင်းဆောင်ပိုင်းနှင့် ဒလိုင်းလားမား ကိုယ် စားလှယ်များအကြား ခိုင်မာသော တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည်စတင်ရေးအတွက် အထောက်အကူရရှိ စေရေးကို ယင်းအဖွဲ့က လုပ်ဆောင်သွားမည်ဖြစ်သည်။

တိဗက်သည် နှစ် ၁၀၀၀ သမိုင်းကြောင်းရှိသည့် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်းကို တရုတ်က ကျူးကျော်ကာ ဆက်လက်ခြိမ်းခြောက်နေသဖြင့် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှု လိုအပ်နေသေးသည်ဟု အမတ်များက ရှုမြင်နေကြောင်း ဥရောပသတင်းစာက ဖော်ပြခဲ့သည်။

ဥရောပသုတေသနကောင်စီ (ERC)၏ အထက်လွှတ်တော်အမတ် ရောဘတ်မာဆင်းနာဟာက အဖွဲ့သစ်၏ ဥက္ကဋ္ဌ ဖြစ်လာမည်ဖြစ်သည်။

ယင်းအခမ်းအနားသို့ ဒလိုင်းလားမားနှင့် ဗဟိုတိဗက်အစိုးရအဖွဲ့မှ ရစ်ဇင်ဂျန်ခန်၊ စပိန်ရှိ တိဗက်အသိုင်းအဝိုင်း၏ ဥက္ကဋ္ဌ ရစ်ဇင်ဒိုမာ၊ ဥရောပကိုယ်စားပြု အဝေးရောက်တိဗက်ပါလီမန်အဖွဲ့ဝင် ၂ ဦးဖြစ်သည့် တူဘန်ဝမ်ချန်နှင့် တူတန်ဂါဆိုတို့ တက်ရောက်မည်ဖြစ်ကြောင်း Europe Press မှ ဖော်ပြခဲ့သည်။
ထို့ပြင် ဗဟိုတိဗက်အစိုးရအဖွဲ့ခေါင်းဆောင် ပန်ပါဆာရင်း၏ သတင်းစကားကိုလည်း ဖတ်ကြားမည်ဖြစ်သည်။

ယင်းအဖွဲ့၏ အဓိက ရည်ရွယ်ချက်များမှာ တိဗက်လူမျိုးများ၏ အခြေခံအခွင့်အရေးများကို ပိုမိုကာကွယ်ရန်၊ အထူးသဖြင့် တိဗက်တွင် လူ့အခွင့်အရေးကို လေးစားမှု တိုးတက်စေရန်၊ ဒါရမ်ဆာလမ်တွင် ဌာနချုပ်ရှိသည့် တိဗက်ဗဟိုတိဗက်အစိုးရအဖွဲ့အား တိဗက်လူမျိုးများ၏ တစ်ခုတည်းသော တရားဝင်ကိုယ်စားလှယ်အဖြစ် အသိ အမှတ်ပြုရန် ဖြစ်သည်ဟု Europe Press က ထပ်မံ ဖော်ပြခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly