ဆန်စျေးနှုန်း အဆမတန်ကြီးမြင့်နေခြင်းကြောင့် စျေးအပေါဆုံး အညံ့စားဆန်ကို ပြည်သူများစားသုံးနေရ

By ဂန္ဒမာ (မဇ္ဈိမ)
27 February 2023
ဆန်စျေးနှုန်း အဆမတန်ကြီးမြင့်နေခြင်းကြောင့် စျေးအပေါဆုံး အညံ့စားဆန်ကို ပြည်သူများစားသုံးနေရ

ဆန်စျေးနှုန်း အဆမတန်ကြီးမြင့်နေတာကြောင့် စျေးအပေါဆုံး အညံ့စားဆန်ကို ပြည်သူတွေ စားသုံးနေရတယ်လို့ ဆန်ရောင်းဝယ်သူတွေထံကတဆင့် သိရပါတယ်။ 

အခုလိုဆန်စျေးတွေမြင့်တက်လာတဲ့အခါမှာ စားသုံးသူတွေတင်မကဘဲ ရောင်းဝယ်သူတွေဘက်မှာလည်း အခက်အခဲတွေဖြစ်လို့လာပါတယ်။ ဆန်ကုန်သည်တွေအနေနဲ့ ဒီထက်ပိုပြီး စျေးမြှင့်ရောင်းချလို့လည်း မရ နိုင်တော့သလို စျေးလျှော့ရောင်းလို့လည်းမဖြစ်နိုင်တဲ့ အခြေအနေကြားမှာ အခြေခံလူတန်းစားပြည်သူ တွေကတော့ စျေးအနိမ့်ဆုံးပေးရတဲ့ ဆန်ကြမ်းကို ဝယ်ယူစားသုံးရတဲ့အနေအထားကို ရောက်ရှိလာတာ ပါ။

ဆန်စျေးနှုန်း အဆမတန်ကြီးမြင့်နေခြင်းကြောင့် စျေးအပေါဆုံးအညံ့စားဆန်ကို ပြည်သူတွေစားသုံးနေရ တဲ့အ‌ကြောင်း‌‌တွေကို မဇ္ဈိမရဲ့ သတင်းထောက် ဂန္ဒမာက မေးမြန်းတင်ဆက်ထားပါတယ်။ 

 

ရုပ်သံ
တည်းဖြတ်/တင်ဆက် - ဂန္ဒမာ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly