လောင်းလုံးမြို့နယ်တွင်  နှင်းဆီရောင်အမျိုးသမီးထုက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

By ကိုရွှေမြိတ်
27 February 2023
လောင်းလုံးမြို့နယ်တွင်  နှင်းဆီရောင်အမျိုးသမီးထုက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက နှင်းဆီရောင်အမျိုးသမီးများအဖွဲ့ကဦးဆောင်ကာ ဒေသခံအမျိုးသမီးများ၊ လူငယ်များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လူထုသပိတ်လှုပ်ရှားမှုတွင် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက် သည့်အနေဖြင့် “ဖက်ဆစ် ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ် လမ်းကို ရဲရဲလျှောက်” ဘန်နာ ကိုင်ဆွဲကာ ချီတက်လှုပ်ရှားခဲ့ကြသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required