ဆားလင်းကြီးမြို့ရှိ အိမ်ခြေ ၆၀ ကျော်အတွက် မီးဖိုချောင်သုံးပစ္စည်းများ ကူညီထောက်ပံ့

By ကိုရွှေမြိတ်
25 February 2023
ဆားလင်းကြီးမြို့ရှိ အိမ်ခြေ ၆၀ ကျော်အတွက် မီးဖိုချောင်သုံးပစ္စည်းများ ကူညီထောက်ပံ့

မဲဆောက်(မဇ္ဈိမ)။    ။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာ တစ်ရွာရှိ စစ်ကောင်စီတပ်က အကြမ်းဖက်မီးရှို့ဖျက်ဆီးခံထားရသည့် အိမ်ခြေ ၆၀ ကျော်အား အညာပစ်တိုင်းထောင်များ အဖွဲ့မှ (၆) ကြိမ်မြောက် မီးဖိုချောင်သုံးပစ္စည်းများနှင့် အဝတ်ထည်များကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ သွားရောက် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

ဆားလင်းကြီးမြို့နယရှိ ကျေးရွာ တစ်ရွာတွင် မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေ ၆၅ အိမ်အား တစ်အိမ်ထောင်လျှင် ဒန်အိုး တစ်လုံး၊ ဒယ်အိုး တစ် လုံး၊ ဇလုံ နှစ်လုံး၊ ဇွန်း သုံးချောင်း၊ ကြွေအုပ် တစ်လုံး၊ ဖလား တစ်လုံး၊ ရေခွက် တစ်လုံး၊ ဆန် တစ်ပြည် ဆီ ၅၀ သား တို့ကို ပေးအပ်လှူဒါန်းပေးခဲ့သည်ဟု သိရ သည်။

ယင်း အညာပင်တိုင်းထောင်လေးများ အဖွဲ့သည် စစ်အာဏာရှင် တော်လှန်ရေးနှင့် စစ်ကောင်စီတပ် လက်ချက်ကြောင့် အကြမ်းဖက်ခံရသည့် ဒေသခံများကို ကူညီပေးနေသည့် အဖွဲ့ တစ်ခုလည်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required