စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်း နတ်တလင်းမြို့မှ ကျောင်းသား၊ ကျောင်းသူ ၃၈၆ ဦး ဝင်ရောက်ဖြေဆိုသွားမှာဖြစ်တယ်လို့ နတ်တလင်းမြို့နယ်ပညာရေးမှူးရုံးက ဝန်ထမ်းတစ်ဦးကပြောပါတယ်။
နတ်တလင်းမြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ ၃၅ ဦး၊ ကျောင်းပြင်ပဖြေဆိုသူ ၃၅၁ ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၃၈၆ ဦး ဝင်ရောက်ဖြေဆိုမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသတင်းအပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ ရုပ်သံသတင်းထောက် မောင်ခက်နွေက တင်ဆက်ပေးမှာပါ။
သတင်း၊တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ