ထိုင်ဝမ်သို့ တရားဝင်ခရီး လာရောက်သည့် တရုတ်ကိုယ်စားလှယ် ကန့်ကွက်ဆန္ဒပြခံရ

By Business Standard
24 February 2023
ထိုင်ဝမ်သို့ တရားဝင်ခရီး လာရောက်သည့် တရုတ်ကိုယ်စားလှယ် ကန့်ကွက်ဆန္ဒပြခံရ

တရုတ်နှင့် နီးကပ်သောဆက်ဆံရေးရှိသည့် တိုင်ပေမြို့တော်ဝန်အသစ်၏ ဖိတ်ကြားချက်ကြောင့် လာရောက်သည့် တရုတ်အရာရှိတစ်ဦး၏ ခရီးစဉ်သည် ဆန္ဒပြပွဲများနှင့် ကြုံတွေ့လိုက်ရသည်။ 

ရှန်ဟိုင်းမြို့ ထိုင်ဝမ်ရေးရာရုံး အကြီးအကဲ လီရှောင်တုန်းသည် နှစ်နိုင်ငံကြားရှားပါးသော ဆက်ဆံရေး မှတ်တိုင်တစ်ခုအဖြစ် ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းက  ထိုင်ဝမ်သို့ ၃ ရက်ကြာ ခရီးစဉ်အတွက် ရောက်ရှိလာခဲ့သည်။

တရုတ်က ထိုင်ဝမ်ကို လိုအပ်ပါက အင်အားသုံး သိမ်းပိုက်မည့် ပိုင်နက်အစိတ်အပိုင်းအဖြစ် ယူဆထားပြီး ပေါင်းစည်းရေး အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရန် ထိုင်ဝမ်တွင် တရုတ်လိုလားသော မီဒီယာများနှင့် နိုင်ငံရေးသမားများကို ဆွဲဆောင်စည်းရုံးလျက်ရှိသည်။

ထိုင်ဝမ်သားအများစုသည် တရုတ်နှင့် နီးကပ်သော စီးပွားရေးနှင့် လူမှုရေးဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်း ထားဆဲဖြစ်သလို လက်ရှိလွတ်လပ်မှုအခြေအနေကိုလည်း ထောက်ခံကြသည်။
ထိုင်ဝမ်၏ ဒီမိုကရက်တစ်စနစ်သည် ဗဟိုအာဏာစက်မရှိဘဲ ဒေသန္တရအစိုးရများကို လွတ်လပ်စွာ လုပ်ဆောင် ခွင့်ပြုထားသည်။

တိုင်ပေမြို့တွင် မကြာသေးမီက အတိုက်အခံအမျိုးသားရေးပါတီမှ ချန်ဝမ်အန်ကို မြို့တော်ဝန်အဖြစ် ရွေးချယ်ခဲ့သည်။

တိုင်ပေမြို့လယ်ရှိ ဆန်းရှန်န်လေဆိပ်တွင် တရုတ်လိုလားသော လူနည်းစုပါတီများမှ ကိုယ်စားလှယ်များက လီရှောင်တုန်းကို အော်ဟစ်ကြိုဆိုနေကြစဉ် ဒါဇင်နှင့်ချီသော ဆန္ဒပြသူများကလည်း စုဝေးဆန္ဒပြခဲ့ကြသည်။

ထိုင်ဝမ်၏ လုံခြုံရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်သည့် သံတမန်ဆက်ဆံရေးကို ထိခိုက်စေသည့် တရုတ်၏ ကြိုးပမ်းအားထုတ်မှုများကို ရှုတ်ချသည့် အနေဖြင့် လေဆိပ်တွင် ဆန္ဒပြသူများက ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ 
တိုင်ပေမြို့တာ်ဝန် ချန်ဝမ်အန်သည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အတွင်း ထိုင်ဝမ်သို့ ပြည်နှင်ဒဏ်မခံရမီ တရုတ်တွင် အုပ်ချုပ်ခဲ့သော ချန်မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly