'ကြားနေ' ရုရှားအားကစားသမားတွေနဲ့ ပတ်သက်လို့ ရှင်းလင်းချက်ပေးဖို့ IOC ကို နိုင်ငံပေါင်း ၃၀ က တောင်းဆို

'ကြားနေ' ရုရှားအားကစားသမားတွေနဲ့ ပတ်သက်လို့ ရှင်းလင်းချက်ပေးဖို့ IOC ကို နိုင်ငံပေါင်း ၃၀ က တောင်းဆို

နိုင်ငံပေါင်း ၃၀ ကျော်က အစိုးရတွေဟာ ၂၀၂၄ ပါရီ အိုလံပစ်မှာ ရုရှားနဲ့ ဘီလာရုစ် အားကစားသမားတွေကို ကြားနေအားကစားသမားတွေအဖြစ် ဘယ်လိုပုံ ယှဉ်ပြိုင်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ "ရှင်းလင်းချက်"ပေးဖို့ IOC ကို တနင်္လာနေ့က တောင်းဆိုခဲ့ပါတယ်။

ရုရှားရဲ့ မဟာမိတ် ဘီလာရုစ်ဟာ သူတို့နယ်မြေကို မော်စကိုက ယူကရိန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျူးကျော်ဝင်ရောက်ချိန်မှာ ဒုံကျည်ပစ်လွှတ်တဲ့ နေရာအဖြစ် အသုံးပြုခွင့်ပေးထားတဲ့ စစ်ပွဲစတင်ကတည်းက ရုရှားနဲ့ ဘီလာရုစ်တို့ကို အိုလံပစ်အားကစားနည်းအများစုကနေ ပိတ်ပင်ထားခဲ့ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က ရုရှားနဲ့ ဘီလာရုစ် ပြိုင်ပွဲဝင်ကစားသမားတွေကို ပါရီအားကစားပြိုင်ပွဲမှာ ကြားနေအလံအောက်မှာ ပါဝင်ခွင့်ပြုဖို့ "လမ်းကြောင်း"ကို ရှာဖွေနေတာဖို့ ယူကရိန်းဘက်က ဒေါသတကြီး ဖြစ်နေတာပါ။

ဒါပေမယ့် AFP က တွေ့မြင်ရတဲ့ ပူးတွဲစာထဲမှာ နိုင်ငံတွေအနေဖြင့် အထူးသဖြင့် "ရုရှားအားကစားသမားတွေနဲ့ ရုရှားစစ်တပ်ကြား ခိုင်မာတဲ့ ချိတ်ဆက်မှုတွေနဲ့ ဆက်နွယ်မှုတွေကြောင့်" စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

"ရုရှားနဲ့ ဘီလာရုစ် အိုလံပစ် အားကစားသမားတွေကို ကြားနေသူတွေအဖြစ် ... သူတို့ဟာ သူတို့ရဲ့ နိုင်ငံတွေက တိုက်ရိုက် ငွေကြေးနဲ့ ထောက်ပံ့တဲ့အခါ ယှဉ်ပြိုင်ဖို့ ဘယ်လိုဖြစ်နိုင်မလဲဆိုတာကို ကျနော်တို့တွေ ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။"လို့ AFP က တွေ့မြင်ခဲ့တဲ့ စာထဲမှာ ပြောပါတယ်။

“ဒီပြင်းထန်တဲ့ စိုးရိမ်မှုတွေကို IOC က ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်” ဟု ၎င်းက ဆိုပါတယ်။

ဒီလ အစောပိုင်းက ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါတို့ လန်ဒန်မှာ တက်ရောက်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးအပြီး IOC ထံဆီ ပူးတွဲပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။

ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးကလည်း ညီလာခံမှာ မိန့်ခွန်းပြောခဲ့ပါတယ်။

"ယူကရိန်းမှာ ရုရှားရဲ့ ရန်စမှုတွေနဲ့ ပတ်သက်လို့ အခြေအနေ ပြောင်းလဲမှု မရှိဘူးလို့ ကျနော်တို့ အခိုင်အမာ ယုံကြည်ပါတယ်... IOC က သတ်မှတ်ထားတဲ့ ရုရှားနဲ့ ဘီလာရုအားကစားသမားတွေအတွက် သီးသန့်စီမံမှုကနေ ဖယ်ခွာဖို့ လက်တွေ့ကျတဲ့ အကြောင်းပြချက် မရှိပါဘူး"လို့ အဆိုပါ စာထဲမှာ ဖော်ပြထားပါတယ်။

"ဒီအခြေခံ ကိစ္စတွေ၊ လုပ်ဆောင်နိုင်တဲ့ 'ကြားနေရေး' ပုံစံတစ်ခုပေါ်မှာ ရှင်းလင်းပြတ်သားမှုနဲ့ ခိုင်မာတဲ့ အသေးစိတ်အချက်အလတ်တွေကို မဖြေရှင်းသရွေ့ ရုရှားနဲ့ ဘီလာရုအားကစားသမားတွေကို ပြိုင်ပွဲမှာ ပြန်လည်ခွင့်ပြုသင့်တာကို ကျနော်တို့ သဘောမတူပါဘူး"လို့ စာထဲမှာ အဆုံးသတ်ထားပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required