အမေရိကန်၏  ဆုံးဖြတ်ချက်အက်ဥပဒေကြောင့် တရုတ်နှင့်တိဗက်ကြား မပြေလည်မှု ပိုဆိုးလာ

By ANI 
21 February 2023
အမေရိကန်၏  ဆုံးဖြတ်ချက်အက်ဥပဒေကြောင့် တရုတ်နှင့်တိဗက်ကြား မပြေလည်မှု ပိုဆိုးလာ

တိဗက်နှင့် ပတ်သက်ပြီး မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အမေရိကန်၏ မူဝါဒကို ခိုင်မာ စေရန် အမေရိကန်လွှတ်တော်အမတ်များက အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တွင် ဥပဒေကြမ်း တစ်ရပ်ကို တင်သွင်းလာခြင်းကြောင့် တရုတ်နှင့် တိဗက် မပြေလည်မှုများ ပိုဆိုးရွားလာကြောင်း Tibet Press က ဖော်ပြသည်။

တိဗက်နှင့် တရုတ်ကြားပဋိပက္ခများ မဖြေရှင်းနိုင်သေးသလို တိဗက်၏ တရားဝင်မှုအခြေအနေကို နိုင်ငံတကာ ဥပဒေအရ မဆုံးဖြတ်ရသေးသည့်အချိန်တွင် တိဗက်ဆုံးဖြတ်ချက်အက်ဥပဒေ ခေါ် ဥပဒေကြမ်းသည် တရုတ်က ဒလိုင်းလားမား၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ရမည်ဟူသော အမေရိကန်မူဝါဒကို တရားဝင်ဖြစ်စေမည်ဖြစ်ကြောင်း Tibet Press က ဖော်ပြခဲ့သည်။ 

တိဗက်ဗဟို အုပ်ချုပ်ရေးအဖွဲ့၏ သမ္မတဖြစ်သော ပန်ပါဆာရင်း၏ အမေရိကန်ခရီးစဉ်အတွင်း ယင်းဥပဒေကြမ်းကို တင်သွင်းခြင်းကြောင့် ဥပဒေပြုရေးအချိန်သည် အချိန်ကိုက်ဖြစ်နေသည်။ 

ဥပဒေပြုရေးအတွက် အဓိကပံ့ပိုးကူညီသူများနှင့် ဘိုင်ဒင်အစိုးရအဖွဲ့အရာရှိများအပါအဝင် အမေရိကန်လွှတ် တော်အမတ်များနှင့် တွေ့ဆုံရန် ဆာရင်းသည် ဝါရှင်တန်သို့ လာရောက်ခြင်းဖြစ်သည်။
ဒလိုင်းလားမားသည် ခွဲထွက်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်နေပြီး တိဗက်ကို ခွဲထုတ်ရန် ကြိုးပမ်းနေကြောင်း တရုတ်က ယခင်က စွပ်စွဲခဲ့ဖူးသည်။

တိဗက်ဘာသာရေးခေါင်းဆောင်က လွတ်လပ်ရေးရရန် မကြိုးပမ်းဘဲ အလယ်အလတ်လမ်းစဉ်နည်းလမ်းဖြင့် တိဗက်ပြည်နယ် ၃ ခုတွင် နေထိုင်သော တိဗက်လူမျိုးအားလုံးအတွက် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ ရယူလိုကြောင်း ပြောကြားခဲ့သည်။

တိဗက်ဆုံးဖြတ်ချက်အက်ဥပဒေသည် ဆယ်စုနှစ်များစွာကြာ တိဗက်အကျပ်အတည်းကို ငြိမ်းချမ်းစွာ အဆုံး သတ်နိုင်ရေးအတွက် မျှော်လင့်ချက်အသစ်ဖြစ်စေကြောင်း Tibet Press က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly