နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် အလှမ်းဝေးနေဆဲဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံ

By Spring
21 February 2023
နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် အလှမ်းဝေးနေဆဲဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံ

ဖေဖော်ဝါရီလ ၂၁ ရက်

နိုင်ငံကိုတည်ငြိမ်အောင် မထိန်းနိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ထပ် ခြောက်လ သက်တမ်းတိုးထားတဲ့ စစ်ကောင်စီဥက္ကဋ္ဌက ဖေဖော်ဝါရီလ ၂၀ ရက်မှာလည်း တည်ငြိမ်မှုနဲ့အလှမ်းဝေးနေဆဲပဲလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နိုင်ငံ့အကျိုးကို ပစ်ပယ်ပြီး မိမိအာဏာရရှိရေးအတွက် အတ္တရှေ့တန်းတင်နေသူများကြောင့် နိုင်ငံတည်ငြိမ်မှုနှင့် အလှမ်းဝေးနေဆဲဖြစ်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ အခုလိုပြောဆိုခဲ့တာပါ။

စစ်ကောင်စီက နိုင်ငံကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာအောင်ကြိုးပမ်းနေပေမယ့် ပြည်ပနိုင်ငံကြီးတွေနဲ့ ပြည်ပသြဇာခံအဖွဲ့အစည်းတွေက အလုံးစုံပျက်စီးရေးကို ဆောင်ရွက်နေတာကြောင့် နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းဝေးနေရတာလို့ စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။

ချင်းပြည်နယ်ဟာ သဘာဝအလှအပ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ တည်ငြိမ်အေးချမ်းစွာ ရှိခဲ့ရာကနေ လက်ရှိမှာတော့ ဆူပူအကြမ်းဖက်မှုနဲ့ တရားဥပဒေချိုးဖောက်မှုတွေက နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားနေပြီလို့ သူက ဆိုပါတယ်။ 

 

#politicalnews

#newsfeature

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly