ကမ္ဘာတွင် ဒိန်းမတ်နိုင်ငံက အပျော်ရွှင်ဆုံးနိုင်ငံဖြစ်

ကမ္ဘာတွင် ဒိန်းမတ်နိုင်ငံက အပျော်ရွှင်ဆုံးနိုင်ငံဖြစ်

ကိုပေဟေဂင်၊ မတ် ၁၇ ။          ။ စစ်တမ်းကောက်ယူချက် အသစ်တစ်ရပ်အရ ကမ္ဘာ့နိုင်ငံများတွင် ဒိန်းမတ်နိုင်ငံက အပျော်ရွှင်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပျော်ရွှင်မှုအနည်းပါးဆုံးနိုင်ငံမှာ ဘူရန်ဒီနိုင်ငံဖြစ်ကြောင်း သိရသည်။

လေးကြိမ်မြောက် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ စစ်တမ်းတွင် မညီမျှမှုများ နည်းပါးသည့် နိုင်ငံများက ပို၍ ပျော်ရွှင်ဖွယ်နိုင်ငံများဖြစ်နေကြောင်း တွေ့ရှိသည်။

ဆွစ်ဇာလန်၊ အိုက်စလန်၊ နော်ဝေနှင့် ပြင်သစ်နိုင်ငံကလည်း ဒိန်းမတ်နိုင်ငံကဲ့သို့ပင် ခိုင်မာသည့် လူမှုလုံခြုံမှုစနစ်ရှိထားပြီး အပျော်ရွှင်ဆုံး ထိပ်တန်းငါးနိုင်ငံစာရင်းတွင် ဒိန်းမတ်နိုင်ငံနောက်က လိုက်နေသည့် နိုင်ငံများဖြစ်သည်။

အဆိုပါ အပျော်ရွှင်ဆုံးနိုင်ငံများစာရင်းတွင် အမေရိကန်က ၁၃ နေရာမြောက်၊ ဗြိတိန်က ၂၃ နေရာ၊ တရုတ် ၈၃ ခုမြောက်နှင့် အိန္ဒိယက ၁၁၈ နိုင်ငံမြောက်ဖြစ်သည်။

အပျော်ရွှင်ဆုံးနိုင်ငံများ ၁၅၆ နိုင်ငံစာရင်းတွင် အောက်ဆုံးက နိုင်ငံမှာ ဘူရန်ဒီနိုင်ငံဖြစ်သည်။ ဘူရန်ဒီနိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှုများ၊ အကြမ်းဖက်ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်နေရသည့် နိုင်ငံဖြစ်သည်။ ပြီးခဲ့သည့်ငါးနှစ် ပြည်တွင်းစစ်အတွင်း ပြည်သူ နှစ်သိန်းခွဲကျော်ထက်မနည်းသေဆုံးခဲ့သည့် ဆီးရီးယားနိုင်ငံထက်ပင် အောက်ရောက်နေခြင်းဖြစ်သည်။

ဆီးရီးယားနိုင်ငံက ဘူရန်ဒီနိုင်ငံထက် ကျန်းမာရေးမျှော်လင့်ချက်ပိုကောင်းခြင်း၊ အလှုအတန်းရက်ရောမှု ပိုသာခြင်းများဖြင့် အောက်ခြေ ဒုတိယနေရာက ရှိနေခြင်းဖြစ်သည်။ အောက်ခြေက ကျန်သုံးနိုင်ငံမှာ တိုဂို၊ အာဖဂန်နစ္စတန်နှင့် ဘီနင်နိုင်ငံတို့ဖြစ်ကြသည်။

ဒေသကြီးများအားဖြင့် အပျော်ရွှင်ဆုံးဒေသများမှာ မြောက်အမေရိက၊ လက်တင်အမေရိကနှင့် ကရေဘီယန်နှင့် ဥရောပတို့ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly