ပါကစ္စတန်ရှိ ကောင်စစ်ဝန်ဌာနကို တရုတ်သံရုံးက ယာယီပိတ်သိမ်း

By The Nation
20 February 2023
ပါကစ္စတန်ရှိ ကောင်စစ်ဝန်ဌာနကို တရုတ်သံရုံးက ယာယီပိတ်သိမ်း

ပါကစ္စတန်တရုတ်သံရုံးက အစ္စလာမာဘတ်မြို့ရှိ ကောင်စစ်ဝန်ဌာနကို ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်၍ နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာမထုတ်ပြန်မချင်း ခေတ္တ ပိတ်ထားမည်ဖြစ်ကြောင်း  ကြေညာထားသည်။

 “နောက်ထပ် အသိပေးချက် တစ်စုံတစ်ရာမထုတ်ပြန်မချင်း ကောင်စစ်ဝန်ဌာနကို ယာယီပိတ်ထားမယ်လို့  အများပြည်သူကို ဝက်ဘ်ဆိုက်ကနေ အသိပေးထားပါတယ်” ဟု ဖော်ပြထားသည်။
"မေးမြန်းလိုသူသည် [email protected] မှ ဆက်သွယ်နိုင်သည်။
 "အရေးပေါ်အခြေအနေများ၊ နိုင်ငံကူးလက်မှတ်၊ ခရီးသွားစာရွက်စာတမ်းများနှင့် အခြားအတည်ပြုခြင်းကိစ္စများအကြောင်း မေးမြန်းရန် ရှိပါက ၀၅၁-၈၄၉၆၁၆၇ သို့ ခေါ်ဆိုပါ" ဟု ကြေညာထားသည်။

တရုတ်သံရုံးသည် ဝန်ဆောင်မှု ရပ်ဆိုင်းရခြင်း အကြောင်းအရင်းကို တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသော်လည်း မလုံခြုံမှုများ တိုးလာခြင်းက အကြောင်းရင်းတစ်ရပ်ဖြစ်နိုင်သည်။

နိုင်ငံတွင်းရှိ ပါကစ္စတန်နိုင်ငံသားများနှင့် ပြည်ပနိုင်ငံသားများ အထူးသဖြင့် တရုတ်နိုင်ငံသားများ ဘေးကင်းစေရေး ဖြစ်နိုင်သမျှ အစီအမံအားလုံးကို ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီး ရာနာဆာနူလာခန်းက အစောပိုင်းတွင် ညွှန်ကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly