မိုးညင်းတွင် စစ်ကောင်စီထောက်တိုင်များကို သတ်ဖြတ်သူဟုဆိုကာ KPDF တပ်ဖွဲ့ဝင်၏ဓာတ်ပုံကို ထုတ် ပြန်ထား

By အဂမ် (မဇ္ဈိမ)
20 February 2023
မိုးညင်းတွင် စစ်ကောင်စီထောက်တိုင်များကို သတ်ဖြတ်သူဟုဆိုကာ KPDF တပ်ဖွဲ့ဝင်၏ဓာတ်ပုံကို ထုတ် ပြန်ထား

ကချင်ပြည်နယ်၊ နမ္မားမြို့မှ ရာအိမ်မှူးနှင့် မိုးညှင်းမြို့မှ စစ်ကောင်စီသတင်းပေးဆိုသူတို့ကို သတ် ဖြတ်သူဟုဆိုကာ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)ဝင် လူငယ်တစ်ဦး၏ပုံအား စစ်ကောင်စီက မိုးညင်းမြို့အတွင်းရှိ လူသွားလူလာများသည့်နေရာများတွင် ချိတ်ဆွဲကာ ဝရမ်းထုတ်ထားကြောင်း ဒေသခံ များထံမှ သိရသည်။

နမ္မားမြို့မှ ရာအိမ်မှူးဦးတင်ညွှန့်နှင့် မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက်မှ ဆိုင်ကယ်ပြင်သူ စိုင်းစောလင်း အောင်တို့ကို သတ်ဖြတ်သွားသည့်တရားခံ၏ပုံဟုဆိုကာ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး၏ပုံကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် များက  မိုးညှင်းမြို့ရှိ လူစည်ကားရာနေရာများတွင်  ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“နမ္မားမြို့က ရာအိမ်မှူး ဦးတင်ညွှန့်နဲ့ မိုးညှင်းမြို့က ဆိုင်ကယ်ပြင်တဲ့ စိုင်းစောလင်းအောင်တို့ကိုသတ် သွားတဲ့တရားခံဆိုတဲ့ဆိုင်းဘုတ်ကို မြဝတီဘဏ်နားမှာ ဝရမ်းထုတ်ထားတဲ့ပုံကြီးကို တွေ့ခဲ့ရတယ်။ နေရာ တကာ စစ်သားတွေကလည်းရှိနေတာဆိုတော့ သေချာတောင် မကြည့်ခဲ့ရဘူး”ဟု  ဆိုင်းဘုတ်ကို တွေ့ရှိခဲ့ သည့် မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဓါတ်ပုံကို မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ အင်းဝဘဏ်၊ မြို့မစျေးထောင့်၊ အုတ်ကျင်းရပ်ကွက်နှင့် နားခါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတို့တွင် ချိတ်ဆွဲထားသည်ဟု ဒေသခံများက ဆိုကြသည်။
စစ်ကောင်စီတပ်ဖွဲ့  မြို့အတွင်း၌ ထောင်ထားသည့်ဆိုင်းဘုတ်တွင် KPDF  ပြောက်ကျားဝတ်စုံ ဝတ်ဆင် ထားသည့် အသက် ၂၀ ခန့်အရွယ် လူငယ်တစ်ဦး၏ ပုံဖြစ်ပြီး အဆိုပါပုံတွင် အမည်ဖော်ပြထားခြင်း မရှိဟု ဆိုသည်။

ဓာတ်ပုံတွင်ပါရှိသည့် လူငယ်အမျိုးသား၏အမည်ကို မဇ္ဈိမအနေဖြင့်လည်း ဆက်လက်စုံစမ်းနေဆဲဖြစ် သည်။

နမ္မားမြို့မှ ရာအိမ်မှူးဦးတင်ညွှန့်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက လက်ဖက်ရည် ဆိုင်၌ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။ ဦးတင်ညွှန့်မှာ  ၂၀၂၀ ပြည့်နှစ်  အထွေ ထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၇)တွင် ရှမ်းနီတိုင်းလျှန် သွေးစည်းညီညွတ်ရေးပါတီ (SSP) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူလည်း ဖြစ်သည်။

စစ်ကောင်စီသတင်းပေးဆိုသည့် ဆိုင်ကယ်ပြင်သူ စိုင်းစောလင်းအောင်သည် ၂၀၂၂ ခုနှစ် ဩဂုတ် လ ၃၁ ရက်နေ့ ညနေပိုင်းတွင် မိုးညှင်းမြို့ အ.ထ.က (၃) အနီး၌ ဆိုင်ကယ်စီးလာစဉ် လူငယ်နှစ်ဦးကအနီးကပ် လုပ်ကြံသတ်ဖြတ်ခဲ့သူဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင်းမှ လမ်းထောင့်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်စွာ ချထားကြောင်း သိရသည်။

စာတည်း။   ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required