တရုတ်၏ ထောက်လှမ်းစောင့်ကြည့်မှုများကို ဖော်ထုတ် ဖြေရှင်းသွားမည်ဟု အမေရိကန်ပြော 

By ANI  
18 February 2023
တရုတ်၏ ထောက်လှမ်းစောင့်ကြည့်မှုများကို ဖော်ထုတ် ဖြေရှင်းသွားမည်ဟု အမေရိကန်ပြော 

အမေရိကန်၏ လုံခြုံရေးနှင့် မဟာမိတ်များကို ခြိမ်းခြောက်နေသည့် တရုတ်၏ ပိုမိုကျယ်ပြန့်လာသော စောင့်ကြည့် ရေးလှုပ်ရှားမှုများကို ဖော်ထုတ်ရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

အမေရိကန် လေပိုင်နက်အတွင်းသို့ တရုတ်မိုးပျံပူးဖောင်းများ ကျူးကျော်ဝင်ရောက်မှုကို ကူညီပံ့ပိုးပေးနေသည့် တရုတ်စစ်တပ်နှင့် ဆက်စပ်နေသော တရုတ်အဖွဲ့အစည်းများကို အမေရိကန်က စုံစမ်းနေသည်ဟု နက်ပရိုက်စ်က ဆိုသည်။

အမေရိကန်ကောင်းကင်ယံတွင် ရက်အနည်းငယ်ကြာ ပျံဝဲနေသည့် တရုတ်မိုးပျံပူးဖောင်းကို အမေရိကန်က ပြီးခဲ့သည့် သီတင်းပတ်က ပစ်ချပြီးနောက် နက်ပရိုက်စ်က ယခုကဲ့သို့ ပြောကြားလာခြင်းဖြစ်သည်။

"အမေရိကန်ရဲ့ အကျိုးစီးပွားကို အမြဲတမ်း ကာကွယ်သွားမှာပါ၊ ဒီတရုတ်မိုးပျံပူးဖောင်းရဲ့ နည်းဗျူဟာပိုင်း ကိစ္စ မှာလဲ ဒီအတိုင်းလုပ်ဆောင်ခဲ့ပါတယ်။ 
"အမေရိကန်နိုင်ငံတော်လုံခြုံရေးနဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေကို ခြိမ်းခြောက်နေတဲ့ တရုတ်ရဲ့ ပိုမိုဆိုးရွား လာတဲ့ စောင့်ကြည့်မှုတွေကို ဖော်ထုတ်ဖြေရှင်းဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ ဆက်လက် လုပ်ဆောင်သွားပါမယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်သည် အမေရိကန်၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြင့် တာဝန်မဲ့သော လုပ်ရပ်ကို ကျူးလွန်ခဲ့သည်ဟု နက်ပရိုက်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်၏ တာဝန်မဲ့လုပ်ရပ်များကို အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းက မြင်တွေ့နေရကြောင်းနှင့် တရုတ်မိုးပျံပူဖောင်း ဖြစ်ရပ်နှင့် ပတ်သက်၍ အမေရိကန်သည် နိုင်ငံပေါင်း ၄၀ နှင့် ချိတ်ဆက် ဆောင်ရွက်နေသည်ဟု နက်ပရိုက်စ်က ဆိုသည်။

“တရုတ်ရဲ့ မိုးပျံပူဖောင်းအစီဉ်အဟာ အမေရိကန်ကိုသာမကာ ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကိုပါ ခြိမ်းခြောက်  ချိုးဖောက်ခဲ့ပါတယ်” ဟု နက်ပရိုက်စက ပြောကြားခဲ့သည်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly