ကြီးမားသောပြဿနာများကို ရှီကျင့်ဖျင် ရင်ဆိုင်နေရကြောင်း အမေရိကန်သမ္မတ ပြောကြား

By Taipei Times
18 February 2023
ကြီးမားသောပြဿနာများကို ရှီကျင့်ဖျင် ရင်ဆိုင်နေရကြောင်း အမေရိကန်သမ္မတ ပြောကြား

တရုတ်သမ္မတရှီကျင့်ဖျင်သည် ကျဆင်းနေသည့် စီးပွားရေးအပါအဝင် ကြီးမားသောပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီလ ၈ ရက်တွင် ပြောကြားလိုက်သည်။

နိုင်ငံတကာကုန်သွယ်မှုကို ကာကွယ်ရန် လိုအပ်နေချိန်တွင် တရုတ်သည်  အမေရိကန်ကို အံတုနိုင်စွမ်းမရှိကြောင်းနှင့် ရှီ၏ အနေအထားသည် အားကျဖွယ်မဟုတ်ကြောင်း PBS NewsHour နှင့် လူတွေ့မေးမြန်းခန်းတွင် ဘိုင်ဒင်က ပြောကြားခဲ့သည်။
“ဒီလူ့ဆီမှာ ပြဿနာကြီးကြီးမားမားရှိနေတယ်” ဟု ဘိုင်ဒင်က ပြောသည်။ 

အမေရိကန်နှင့် တရုတ်ဆက်ဆံရေးကို ကမ္ဘာတွင် အကျိုးဆက်အများဆုံးအဖြစ် မကြာခဏဖော်ပြလေ့ရှိသည့် ဒီမိုကရက်တစ်ပါတီဝင် ဘိုင်ဒင်က ရှီကျင့်ဖျင်တွင် စွမ်းရည်များရှိသော်လည်း ယခုအချိန်ထိ တရုတ်စီးပွားရေးမှာ ကောင်းကောင်း မလည်ပတ်နိုင်သေးကြောင်း  ပြောကြားခဲ့သည်။
အနောက်နိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် ရှီ၏ စွမ်းရည်နည်းပါးသည်ကို သတိပြုမိကြောင်းလည်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

ယူကရိန်းကျူးကျော်မှုတွင် တရုတ်က မဟာမိတ်ရုရှားအား အသံတိတ်ထောက်ခံနေမှုနှင့်ပတ်သက်ပြီး ဘိုင်ဒင်က “တရုတ်က ရုရှားနဲ့ ပူးပေါင်းနေတယ်လို့ လူတိုင်းက ယူဆနေပါတယ်။  ဒါပေမယ့် ကဏ္ဍအားလုံးမှာ ပူးပေါင်းနေတာတော့ မဟုတ်ပါဘူး” ဟု ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ ရုရှားအပေါ် ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ခြင်း အပါအဝင် အနောက်တိုင်း၏ ပူးပေါင်းတုံ့ပြန်မှုမှ ရှီက သင်ခန်းစာများစွာ ရရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly