အမေရိကန်နှင့် ပြေလည်မှုမရပါက နိုင်ငံခြားရေးမူဝါဒသစ်ကို တရုတ်သမ္မတ ဖော်ဆောင်နိုင်မည်မဟုတ်

By ANI 
17 February 2023
အမေရိကန်နှင့် ပြေလည်မှုမရပါက နိုင်ငံခြားရေးမူဝါဒသစ်ကို တရုတ်သမ္မတ ဖော်ဆောင်နိုင်မည်မဟုတ်

အမေရိကန်က ပြန်လည်သင့်မြတ်ရေးအတွက် တရုတ်အား ကမ်းလှမ်းခြင်းမရှိလျှင် တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ၎င်း၏ နိုင်ငံခြားရေးမူဝါဒသစ်အတွက် ယုံကြည်စိတ်ချစွာ ဆက်လှမ်းနိုင်မည်မဟုတ်ကြောင်း မူဝါဒရေးရာသုတေသနအဖွဲ့ (POREG) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရှီအနေဖြင့် အမေရိကန်နှင့်ဆက်ဆံရေးကို ပြေလည်အောင် မဆောင်ရွက်နိုင်မချင်း ၎င်း၏ ခေါင်းဆောင်မှုပေါ် သံသယဖြစ်မှုများ တိုးလာသည်ကို ကြုံတွေ့ရမည်ဟု ယူဆရကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိတွင် တရုတ်နှင့်အမေရိကန်ဆက်ဆံရေးသည် အနိမ့်ဆုံး အခြေအနေတွင် ရှိနေပြီး နှစ်ဖက်စလုံးက ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းခြင်း မရှိချေ။

အနောက်နိုင်ငံများနှင့်ပိတ်ဆို့အရေးယူမှုများကြောင့် ရှီသည် လက်ရှိတွင် အခြေအနေမဟန်ဘဲ  တစ်ပိုင်းလျှပ်ကူပစ္စည်းများကဲ့သို့ နည်းပညာပစ္စည်းသစ်များအတွက် တရုတ်၏ရည်မှန်းချက်များကို  မပြည့်ဝစေခဲ့ကြောင်း POREG ကဖော်ပြသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်ကြောင့် မငြိမ်သက်မှုဖြစ်ပေါ်ခြင်းသည် ရှီကျင့်ဖျင့်၏ခေါင်းဆောင်မှုအတွက် ယခင်ကမကြုံခဲ့ဖူးသည့် စိန်ခေါ်မှု ဖြစ်သည်။ ဆူပူဆန္ဒပြမှုများသည် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများမှ ကျေးလက်ဒေသများအထိ ပြန့်နှံ့သွားကာ အသက်ရွယ်စုံ ပြည်သူများ၊ ပါတီသစ္စာခံများနှင့် အတိုက်အခံများသည်  ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

ကိုဗစ်ပြဿနာ ရှိနေသော်လည်း ရှီကျင့်ဖျင်သည် လက်ရှိတွင် ကိုဗစ်မတိုင်မီ စီးပွားရေးအခြေအနေကို ပြန်လည်ရောက်ရှိရန် ကြိုးစားလျက်ရှိသည်။ 
တရုတ်ခေါင်းဆောင်သည် ပြည်သူများအား မြင်စေချင်နေသော ၎င်း၏စီးပွားရေးစွမ်းဆောင်နိုင်မှုပုံစံ  မူဝါဒရေးရာအဓိကအစီအမံများကို တဖြည်းဖြည်းချင်း ကြေညာလိမ့်မည် ဖြစ်ကြောင်း POREG က ဆိုသည်။ 

ရှီကျင့်ဖျင်သည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို တစ်ဆစ်ချိုး အလျင်အမြန် ပြောင်းလဲလိုက်ခြင်းအားဖြင့် ၎င်း၏ အကြွင်းမဲ့ အာဏာကို သက်သေပြခဲ့ပြီးဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly