သံတမန်ရေးတင်းမာမှုများ မြင့်တက်နေသော်လည်း အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေး စံချိန်တင် မြင့်တက် 

By BBC
17 February 2023
သံတမန်ရေးတင်းမာမှုများ မြင့်တက်နေသော်လည်း အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေး စံချိန်တင် မြင့်တက် 

အမေရိကန်နှင့် တရုတ်တို့၏ သံတမန်ဆက်ဆံရေးသည် ယိုယွင်းလာသည့်တိုင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။ 

နှစ်နိုင်ငံကြား သွင်းကုန်နှင့် ပို့ကုန်ကဏ္ဍသည် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၆၉၀ ဒသမ ၆ ဘီလီယံ ရှိကြောင်း တရားဝင် ကိန်းဂဏန်းများက ဖော်ပြခဲ့သည်။

အမေရိကန်လေပိုင်နက်၌ တရုတ်မိုးပျံပူဖောင်းတစ်လုံး ဖြတ်သန်းပြီးနောက် မကြာသေးမီရက်များအတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် အနိမ့်ဆုံးအဆင့်သစ်သို့ ရောက်ရှိခဲ့သည်။ 

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံသည် ၂၀၁၈ ခုနှစ်မှစ၍ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားခဲ့သည်။
အမေရိကန်မှ သုံးစွဲသူများသည် ကစားစရာအရုပ်များနှင့် မိုဘိုင်းလ်ဖုန်းများ အပါအဝင် တရုတ်ထုတ်ကုန်များကို ပိုမိုသုံးစွဲခြင်းကြောင့် ယမန်နှစ်က တရုတ်မှ အမေရိကန်တင်သွင်းမှုသည် ဒေါ်လာ ၅၃၆ ဒသမ ၈ ဘီလီယံအထိ တိုးလာသလို တရုတ်သို့ အမေရိကန်တင်ပို့မှုမှာလည်း ဒေါ်လာ ၁၅၃ ဒသမ ၈ ဘီလီယံအထိ မြင့်တက်လာကြောင်း ကိန်းဂဏန်းအသစ်များက ဖော်ပြနေသည်။ 

လူနေမှုစရိတ်များ မြင့်တက်လာခြင်းကြောင့်လည်း နှစ်နိုင်ငံအကြားကုန်သွယ်မှု တိုးလာခြင်းဖြစ်ပြီး အမေရိကန်နှင့် တရုတ်အကြား နှစ်ပေါင်းများစွာ ကုန်သွယ်ရေး ပဋိပက္ခများ ဖြစ်ပွားပြီးနောက်တွင်ပင် အချင်းချင်း မှီခိုအားထားနေရဆဲဖြစ်ကြောင်း ကိန်းဂဏန်းများက ပြသနေသည်။ 

“ဒါဟာ နှစ်နိုင်ငံကို ခွဲထုတ်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ဖော်ပြနေတယ်လို့ ကျွန်တော် ထင်ပါတယ်။” ဟု အာရှကုန်သွယ်ရေးစင်တာကို တည်ထောင်သူ ဒီဘိုရာအမ်းစ်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly