စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများဖြင့် CDF – Senthang ထံခိုလှုံ

By ပါခွီး
16 February 2023
စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများဖြင့် CDF – Senthang ထံခိုလှုံ

မဇ္စျိမ။ ။ချင်းပြည်နယ်၊ ဟားခါးမြို့တွင်တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သားနှစ်ဦး လက် နက်ခဲယမ်းများဖြင့် ပြည်သူ့ရင်ခွင်သို့ လာရောက်ပူးပေါင်းလာကြောင်း CDF–Senthang က ဖေဖော်ဝါရီ လ ၁၆ ရက် ယနေ့တွင် ထုတ်ပြန်သည်။

ဟားခါးမြို့အခြေစိုက် ခလရ(၂၆၆)တွင် တာဝန်ထမ်းဆောင်နေသော တပ်သားနှစ်ဦးသည် MA 2 သေနတ် တစ်လက်၊ ကျည်ဆံ၊ ဗုံးသီး၊ နင်းမိုင်းနှင့် ထောင်မိုင်းများဖြင့် ပြည်သူ့ရင်ခွင်သို့ လာရောက်ပူးပေါင်း လာ ခြင်းဖြစ်ကြောင်း ဆိုသည်။

“အရင်ထွက်လာတဲ့သူတွေကနေတဆင့် သူတို့ CDM လုပ်ချင်ကြောင်းပြောတာနဲ့ ကျွန်တော်တို့နဲ့ဆက် သွယ်ပြီး ဝင်ရောက်လာတာပါ” ဟု CDF – Senthang တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

လက်နက်နှင့်ပူးပေါင်းလာသူများကို ဆုကြေးငွေချီးမြှင့်ပြီး လက်နက်မယူဆောင်နိုင်ခဲ့ပါကလည်း ထောက် ပံ့ကြေးပေးအပ်ကြောင်း ဆိုသည်။

ယခုကဲ့သို့လာရောက်ပူးပေါင်းသော ပြည်သူ့စစ်သည်များကို နွေးထွေးစွာကြိုဆိုကြောင်းနှင့် ထိုက်တန် သော ဆုကြေးငွေများပေးအပ်ပြီး လုံခြုံ‌သောအရပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း CDF – Senthang ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာရှင်စနစ်ဆိုးလက်အောက်တွင် တာဝန်မထမ်းဆောင်ဘဲ ပြည်သူများနှင့်ပူးပေါင်းပြီး CDM လုပ်ကြ ရန် အချိန်နောက်မကျသေးကြောင်း CDF – Senthang ၏ တာဝန်ရှိသူက စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသောတပ်ဖွဲ့ဝင်များကို သတင်းစကားပါးထားသည်။

CDF – Senthang တပ်ဖွဲ့သို့ စစ်ကောင်စီတပ်မှ လက်နက်ဖြင့် ပူးပေါင်းလာသူ ၂၀ နီးပါး ရှိပြီဖြစ်ကြောင်း လည်း သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ချင်းပြည်နယ် ကန်ပက်လက်မြို့အခြေစိုက် ခမရ (၃၀၄) မှ ရဲဘော် လင်းထက်အောင် သည် MA1 သေနတ်တစ်လက်၊ ကျည်ဆံ၊ နင်းမိုင်း၊ လက်ပစ်မိုင်း၊ အီနာဂါ၊ စကားပြော စက်နှင့် ကျည်ကာအင်္ကျီများယူဆောင်ကာ CDF–Kanpetlet သို့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly