တရုတ်တွင်  ပြည်သူများကို စောင့်ကြည့်ထောက်လှမ်းရန် စစ်မှုထမ်းဟောင်းများ အလုပ်ခန့်အပ်ထား 

By ANI 
16 February 2023
တရုတ်တွင်  ပြည်သူများကို စောင့်ကြည့်ထောက်လှမ်းရန် စစ်မှုထမ်းဟောင်းများ အလုပ်ခန့်အပ်ထား 

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည်  ပြည်သူများအား ချုပ်ကိုင်မှု အားကောင်းစေရေးနှင့် သမ္မတ ရှီကျင့်ဖျင်အား သစ္စာစောင့်သိစေရေးအတွက် တရုတ်စစ်တပ်မှ စစ်မှုထမ်းဟောင်းများကို ကျေးရွာကော်မတီများတွင် ခန့်အပ်ထားသည်။

စစ်မှုထမ်းဟောင်းများအား ခန့်အပ်မှုသည် အောက်ခြေအုပ်ချုပ်ရေးအဆင့်တွင် အပြုသဘောဆောင် သောအခန်းကဏ္ဍမှ ပါဝင်ရန်ဖြစ်ပြီး ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးပေးခြင်းဖြင့် နိုင်ငံပြန်လည်သက်ဝင်လှုပ်ရှားလာစေရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း CCP က ပြောကြားထားသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် တိဗက်တွင် ဗီဒီယို စောင့်ကြည့်ရေးစနစ်နှင့် စစ်ဆေးရေးဂိတ်များစွာကိုလည်း ထားရှိသည်။
ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီသည်  အွန်လိုင်းတွင် ပြည်သူများ၏ သဘောထားကို ထိန်းကြောင်းရန်၊ စောင့်ကြည့်ရန်၊ ဆင်ဆာဖြတ်ရန် ပါတီ၏ လက်စွဲစာအုပ်အတိုင်း တရုတ်နည်းပညာကုမ္ပဏီများကို ပျိုးထောင်ပြီး နည်းပညာကုမ္ပဏီကြီးများက ဆိုက်ဘာကဏ္ဍကို တရုတ်အစိုးရ လုံးဝထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ဖော်ဆောင်သည့်အစီအစဉ်များကို ကူညီပံ့ပိုးပေးရသည်။

လူမှုတည်ငြိမ်ရေးကို ခြိမ်းခြောက်နိုင်သည်ဟု ယူဆရသော အုပ်စုများအား ပစ်မှတ်ထားသည့် ကြပ်မတ်စောင့်ကြည့်မှုများလုပ်ဆောင်ရန်  စောင့်ကြည့်ရေးကိရိယာများကို အသုံးပြုနေကြသည်။

တရုတ်သည် နိုင်ငံတော်စောင့်ကြည့်ရေးကွန်ရက်ကို အသုံးပြု၍ အချက်အလက်စီမံခန့်ခွဲမှုကို ထိန်းချုပ်ကာ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြည်သူ့လုံခြုံရေးကဏ္ဍကို အပြည့်အဝ စောင့်ကြည့်ရန် ၁၉၉၈ ခုနှစ်က  Great Firewall လူသိများသော Golden Shield Project (GSP) စောင့်ကြည့်ရေး စီမံကိန်းကို စတင်ခဲ့သည်။
ယင်းစီမံကိန်းတွင် အများပြည်သူကဏ္ဍကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲစေရန် ရည်ရွယ်သည့် လုံခြုံရေးကင်မရာ (CCTV) ကွန်ရက်လည်း ပါဝင်သည်။

ယင်းစီမံကိန်းတွင် ဉာဏ်ရည်တု (AI) နည်းပညာသုံး မျက်နှာမှတ်သားသည့်စနစ်ပါသော လုံခြုံရေးကင်မရာပေါင်း ၄၁၆ သန်းကို တရုတ်နိုင်ငံတစ်ဝန်းတွင် တပ်ဆင်ခြင်းလည်း ပါဝင်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly