၂၀၁၇ ခုနှစ်မှပုံအဟောင်းများသုံးကာ ဗယ်လင်တိုင်းဒေးနေ့မြင်ကွင်းများဟု ပြန်လည်ဖြန့်ဝေနေ

၂၀၁၇ ခုနှစ်မှပုံအဟောင်းများသုံးကာ ဗယ်လင်တိုင်းဒေးနေ့မြင်ကွင်းများဟု ပြန်လည်ဖြန့်ဝေနေ

မဇ္ဈိမ။    ။ပြည်သူ့ရင်ပြင်တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သွားလာနေကြသည့် ဓာတ်ပုံ အဟောင်းများအသုံးပြုကာ ယခုနှစ် ဗယ်လင်တိုင်းဒေးမြင်ကွင်းများဟု ပြန်လည်မျှဝေမှုများရှိနေသည်။

သတင်းစောင့်ဖတ်သူ ၁၂,၀၀၀ ကျော်ရှိသည့် “အမွှေစိန်”အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ “ယနေ့ မြန်မာ နိုင်ငံတစ်နိုင်ငံလုံး မနိုင်မနင်း အထုတ်အပိုးများသယ်ဆောင်၍ သွားလာနေကြသူများ အများအပြားတွေ့ ရစဉ်၊ တောထဲက ငနုံများအတွက် ကျွတ် ကျွတ် ကျွတ်”ဟု (မူရင်းအရေးအသားအတိုင်း) လူငယ်များ အရုပ်များပန်းစည်းများ သယ်ဆောင်နေသည့်ပုံများကို ဖြန့်ဝေထားသည်။
ထိုအကြောင်းကို အခြားတယ်လီဂရမ်ချန်နယ်သုံးခုအပြင် ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။ 

ထိုပုံများနှင့်ပတ်သက်ပြီး မဇ္ဈိမမှအချက်အလက်ရှာဖွေခဲ့ရာ  မြန်မာမီဒီယာတစ်ခုဖြစ်သည့် “Eleven Media” ၏ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်က တင်ထားသည့် ပုံဟောင်းများဖြစ်ကြောင်း စစ် ဆေးတွေ့ရသည်။ Eleven Media ၏ ဖော်ပြမှုတွင် “ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်၌ Valentine Day တွင် လာ ရောက်လည်ပတ်ကြသည့် စုံတွဲများနှင့်စည်ကားလျက်ရှိနေကြောင်း သိရသည်” ဟု ရေးသားထားသည်။ 
Eleven Media ၏ ၂၀၁၇ ခုနှစ်က ဖော်ပြမှု - https://bit.ly/3RUORAf

လက်ရှိရန်ကုန်မြို့အတွင်း သွားလာလှုပ်ရှားနေသူတစ်ဦးက“ပြည်သူ့ရင်ပြင်က အရင်ထဲကလူစည်နေကျ၊ ဒီနှစ်က ဗိုလ်တစ်ထောင်ကမ်းနားဖက် ပိုစည်ပါတယ်” ဟု ဆိုသည်။

ထို့ကြောင့် လက်ရှိ လူမှုကွန်ရက်တွင်ဖြန့်ဝေနေသည့် ပြည်သူ့ရင်ပြင်မှ ဗယ်လင်တိုင်းဒေးမြင်ကွင်းပုံများ မှာ ၂၀၁၇ ခုနှစ်မှပုံအဟောင်းများသာဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly