တရုတ်၏ထိုးဖောက်စိမ့်ဝင်မှုလုပ်ရပ်များအား တိုက်ဖျက်ရေးကို ထိုင်ဝမ်လုံခြုံရေးဗျူရိုက ဦးစားပေးစဉ်းစားလာ

By Taipei Times 
14 February 2023
တရုတ်၏ထိုးဖောက်စိမ့်ဝင်မှုလုပ်ရပ်များအား တိုက်ဖျက်ရေးကို ထိုင်ဝမ်လုံခြုံရေးဗျူရိုက ဦးစားပေးစဉ်းစားလာ

ထိုင်ဝမ်နိုင်ငံတကာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် တရုတ်ထိုးဖောက်စိမ့်ဝင်မှုအား တိုက်ဖျက် ရေးတို့သည် ဖေဖော်ဝါရီလ ၃ ရက်က နိုင်ငံတော်လုံခြုံရေးဗျူရို ညွှန်ကြားရေးမှူးချုပ် စိုင်မင်းယန်ထုတ်ပြန်ခဲ့သည့် မူဝါဒအနှစ်ချုပ်၏ ဦးစားပေးအရာများတွင် ပါဝင်လာသည်။

စိုင်သည် ထိုင်ဝမ်၏ အဓိက ထောက်လှမ်းရေးဌာနအကြီးအကဲဖြစ်လာပြီး ၃ ရက်အကြာတွင် ဗျူရို၏ ဝက်ဘ်ဆိုက်၌ မူဝါဒအနှစ်ချုပ်ကို ဖော်ပြခဲ့သည်။

ထိုင်ဝမ်တစ်ဝိုက်၌ ၂၀၂၂ ခုနှစ်တွင် တရုတ်၏ ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုများသည် ဒေသတွင်း မတည် မငြိမ်ဖြစ်စေရန်နှင့် လက်ရှိအနေအထားကို ဖိအားပေးပြောင်းလဲရန် ရည်ရွယ်ထားကြောင်း နိုင်ငံခြားရေးလက် ထောက်ဝန်ကြီးဟောင်းလည်းဖြစ်သည့် စိုင်က ပြောကြားခဲ့သည်။
ထိုင်ဝမ်က မဟာမိတ်နိုင်ငံများနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြှင့်တင်ကာ နိုင်ငံတကာ အသိုက်အ ဝန်းနှင့် နက်ရှိုင်းစွာ ပေါင်းစည်းခြင်းဖြင့် ထိုလုပ်ရပ်များကို တန်ပြန်ရမည်ဖြစ်ကြောင်း စိုင်က ပြောကြားခဲ့သည်။

ဗျူရို၏ အခန်းကဏ္ဍမှာ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန်နှင့် နိုင်ငံတော်၏ သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအား ထုတ်မှုများကို လွယ်ကူချောမွေ့စေရေးအတွက် သတင်းအချက်အလက်များ မျှဝေရန်နှင့် နိုင်ငံခြားထောက်လှမ်း ရေး အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

အထူးသဖြင့် လုံခြုံရေးချိုးဖောက်မှုများကို ထောက်လှမ်းရာတွင် အစိုးရ၊ စစ်ဘက်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများသို့ စိမ့်ဝင်ထိုးဖောက်မည့် တရုတ်၏ ကြိုးပမ်းမှုများကို တိုက်ဖျက်ရေးအတွက် ထိုင်ဝမ်၏ တန်ပြန်ထောက်လှမ်းရေးစွမ်းရည်မှာ ခိုင်မာအားကောင်းသင့်ကြောင်း စိုင်က ဆိုသည်။

တရုတ်၏ စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲကို တန်ပြန်ရန် နိုင်ငံတော်လုံခြုံရေးအရင်းအမြစ်များ ပေါင်းစပ်ရေးအတွက် ဗျူရိုက ဆက်လက်ကြိုးပမ်းနေပြီး အစိုးရက လွတ်လပ်စွာပြောဆိုခွင့်နှင့် နိုင်ငံတော်ဥပဒေများကို အကာအကွယ်ပေးထားသည်။

ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများကို ကိုင်တွယ်ကာ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးကိုယ်တာလုံခြုံရေးကို စီမံပေးခြင်းဖြင့် ထိုင်ဝမ်ရွေးကောက်ပွဲများ၏ လုံခြုံရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ပေးရမည်ဟု  နိုင်ငံတော်လုံခြုံရေးဗျူရို ညွှန်ကြားရေးမှူးချုပ် စိုင်မင်းယန်က ပြောကြားခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly