တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ်တွင် ကျူးကျော်ရန် အသင့်ဖြစ်နေနိုင်ကြောင်း စီအိုင်အေ ဒါရိုက်တာ ပြောကြား

By RFA 
14 February 2023
တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ်တွင် ကျူးကျော်ရန် အသင့်ဖြစ်နေနိုင်ကြောင်း စီအိုင်အေ ဒါရိုက်တာ ပြောကြား

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့် ၄ နှစ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာနိုင်ကြောင်း အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) ဒါရိုက်တာ ဝီလျံဘန်းစ်က ဖေဖော်ဝါရီလ ၂ ရက်က ပြောကြားလိုက်သည်။

ထိုင်ဝမ်အား ၂၀၂၇ ခုနှစ်တွင် ကျူးကျော်ရေးအတွက် အဆင်သင့်ဖြစ်စေရန် ရှီကျင့်ဖျင်က တရုတ်စစ်တပ်အား အမိန့်ပေးထားကြောင်း အမေရိကန်အာဏာပိုင်များက ထောက်လှမ်းရေးသတင်းများအရ သိရှိထားသည်ဟု ဂျော့ချ်တောင်းတက္ကသိုလ်တွင် ဘန်းစ်က ပြောကြားခဲ့သည်။ 

“အဲဒါက ၂၀၂၇ ခုနှစ် ဒါမှမဟုတ် တခြားနှစ်တွေမှာ ကျူးကျော်ဖို့ ရှီက ဆုံးဖြတ်ထားတယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သူ့ရဲ့ ရည်မှန်းချက်ရဲ့ လေးနက်မှုကို သတိပေးချက်တစ်ခုပါပဲ။  
“ထိုင်ဝမ်နဲ့ ပတ်သက်ပြီး သမ္မတရှီရဲ့ ရည်မှန်းချက်တွေကို လျှော့တွက်မှာ မဟုတ်ပါဘူး” ဟု CIA ဒါရိုက်တာက ပြောကြားခဲ့သည်။

ယင်းခန့်မှန်းချက်သည် တရုတ်က ထိုင်ဝမ်ကို လာမည့် ၆ နှစ်အတွင်း တိုက်ခိုက်နိုင်သည်ဆိုသော အမေရိကန် အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်၏ အငြိမ်းစားတပ်မှူး ဖိလစ်ဒေးဗစ်ဆန်၏ ၂၀၂၁ ခုနှစ်က အထက်လွှတ်တော်တွင် ပြောကြားချက်နှင့် ကိုက်ညီနေသည်။ 

ထိုင်ဝမ်အား တရုတ်ကျူးကျော်လာနိုင်မည့်အချိန်ကို အမေရိကန်အရာရှိများက နှစ်ရှည်လများ ခန့်မှန်းလာခဲ့ရာ ယခုခန့်မှန်းချက်မှာ နောက်ဆုံးခန့်မှန်းချက်ဖြစ်သည်။
“၂၀၂၅ ခုနှစ်မှာ တိုက်ပွဲဝင်ရမယ်လို့ မသိစိတ်က ပြောနေပါတယ်” ဟု ပြီးခဲ့သည့် သီတင်းပတ်က ပေါက်ကြားခဲ့သည့် မှတ်တမ်းတွင် အမေရိကန် လေတပ်ဗိုလ်ချုပ်ကြီး မိုက်မီနီဟန်က ခန့်မှန်းပြောဆိုထားသည်။

“မိုက်မီနီဟန် ပြောတာ မှန်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု တက္ကဆက်ပြည်နယ်မှ ရီပတ်ဘလစ်ကန်အမတ်နှင့် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ မိုက်ကယ်မက်ကောက လည်း ထောက်ခံခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly