စစ်ကောင်စီက အုပ်ချုပ်ရေးမှူး၊ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများအား လက်နက်ကိုင်ဆောင်ခွင့်ပြု 

13 February 2023
စစ်ကောင်စီက အုပ်ချုပ်ရေးမှူး၊ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများအား လက်နက်ကိုင်ဆောင်ခွင့်ပြု 

ဖေဖော်ဝါရီလ ၁၃ ရက်

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများအားတရားဝင်လက်နက်ကိုင်ဆောင်ခွင့်ပြုသည့် အမိန့်စာ ထွက်ပေါ်လာသည်။

လက်နက်ကိုင်ဆောင်ခွင်မူအမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၂၃) ၂၀၂၃ ဇန်နဝါရီ ၃၁ရက် ရက်စွဲ ဖြင့် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးရုံးက အတည်ပြုခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ဖို့ အမှန်တကယ်လိုအပ်တဲ့ အရပ်သားတွေအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေအတွက် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခန်း ၁၃ ခန်းနဲ့ ပုဒ်မ ၃၄ ခု ပါဝင်တဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို အရင်ပြည်ထဲရေးဝန်ကြီး ဌာနရဲ့ ၁၉၇၇ ခုနှစ် အမိန့်အမှတ် ၅၅ နဲ့ ထုတ်ပြန်ခဲ့တဲ့အမိန့်ကို ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တည်ဆဲလက်နက်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာနဲ့ ညွှန်ကြားချက်တွေမှာပါရှိတဲ့ ပြဌာန်းချက်တွေကို လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနဲ့အညီ လိုက်နာကျင့်သုံးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly