အကြမ်းဖက်စစ်တပ်နဲ့ စစ်အုပ်ချုပ်ရေး ဘာလဲ ဘယ်လဲ

13 February 2023
အကြမ်းဖက်စစ်တပ်နဲ့ စစ်အုပ်ချုပ်ရေး ဘာလဲ ဘယ်လဲ

ဖေဖော်ဝါရီလ ၁၃ ရက်

တိုင်းပြည်အခြေအနေ သာမန်မဟုတ်ဘူးဆိုပြီး ကာ/လုံမှာ နောက်ထပ် ၆ လ သက်တမ်းတိုးပြီးမကြာခင်မှာပဲ စစ်ကောင်စီက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာတွေ့ရပါတယ်။ တစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့ မြို့နယ်ပေါင်း ၃၃၀ ရှိရာမှာ ၁၉၈ မြို့နယ်ကိုသာ တည်ငြိမ်အောင်ဆောင်ရွက်ထားနိုင်ပြီး လုံခြုံရေး အလေးထား ဆောင်ရွက်ရမယ့်မြို့နယ် ၆၇ မြို့နယ်၊ လုံခြုံရေးထိရောက်စွာဆောင်ရွက်ဖို့လိုတဲ့ ၆၅ မြို့နယ်ရှိတယ် လို့ ကာ/လုံ အစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်ဝန်ခံခဲ့ပြီးနောက် မြို့နယ် ၃၇ မြို့နယ်ကိုစစ်အုပ် ရေးကြေညာခဲ့တာပါ။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ် ၇ မြို့နယ်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေကတော့ ရန်ကုန်တိုင်းအတွင်းက လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနဲ့ ချင်းပြည်နယ်က မင်းတပ်မြို့နယ် တို့ဖြစ် ပါတယ်။ အဲဒါကြောင့် အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၄၄ မြို့နယ်အထိရှိသွားပြီဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly