(တိုကျို)။ ။ ဂျပန်နိုင်ငံတွင် ကျည်ဆန်ရထား တစ်စင်းအပေါ်တွင် မီးလောင်၍ လူနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။
ကျည်ဆန်ရထားအတွင်း လူတစ်ဦးက ကိုယ်ကိုပေါ် ဆီများ လောင်းချပြီးနောက် ကိုယ်ကိုကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ရထားဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီသို့ပြောသည်။
တိုကျိုမြို့တော်မှ အိုဆာကာမြို့သို့ ရထားခုတ်မောင်းဦးတည်သွားစဉ် အိုဒါဝါရာမြို့အနီး ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရထားမှာ တန့်ရပ်သွားခဲ့ပြီး ရထားအတွင်းမှ မီးခိုးငွေ့များ ထွက်နေပုံကို ဂျပန်ရုပ်သံလွှင့်ဌာန NHK သတင်းဌာနက ထုတ်လွှင့်ပြသခဲ့သည်။
ယင်းဖြစ်ရပ်ကြောင့် လူနှစ်ဦးမှာ နှလုံးထိတ်လန့် ဝေဒနာများ ခံစားရကြောင်း အိုဒါဝါရာ မီးသတ်ဌာနကို ကိုးကားလျက် ဒေသတွင်း မီဒီယာများတွင် ဖော်ပြသည်။
သေကျေထိခိုက်မှုများ ရှိနိုင်သည်ဟု မီးသတ်ဌာနက ပြောကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။
REF : BBC