ဆန္ဒပြသူများကို ပြည်ပအင်အားကြီးနိုင်ငံများ၏ လက်ကိုင်တုတ်များအဖြစ် တရုတ်က ပုံဖော်နေ

By ANI 
09 February 2023
ဆန္ဒပြသူများကို ပြည်ပအင်အားကြီးနိုင်ငံများ၏ လက်ကိုင်တုတ်များအဖြစ် တရုတ်က ပုံဖော်နေ

တရုတ်က ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကန့်သတ်ချက်များကို ရုတ်ခြည်းစွန့်လွှတ်ပြီးနောက် ရက်ပိုင်းအတွင်း စတင်ခဲ့သည့် ဆန္ဒပြပွဲများတွင် ပါဝင်သည့် လူများအား ခြိမ်းခြောက်သည့် လှုပ်ရှားမှုကို လုပ်ဆောင်နေသည်။

တရုတ်သည် ဆန္ဒပြသူများအား ပြည်ပအင်အားကြီးနိုင်ငံများ၏ အသုံးချခံများအဖြစ် ပုံဖော်ခြင်းဖြင့် ဆန္ဒပြသူများကို အသရေဖျက်နေကြောင်း New York Times က ဖော်ပြလိုက်သည်။

တရုတ်အစိုးရက ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို စွန့်လွှတ်ပြီးနောက် ပြည်တွင်းတွင် စိန်ခေါ်မှုများ တိုးမြင့်လာ ကာ လူငယ်အလုပ်လက်မဲ့များ များပြားလာပြီး စီးပွားရေး ကျဆင်းလာသလို ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှုများကလည်း အရှိန်မြင့်လာခဲ့သည်။
အမျိုးသမီးအခွင့်အရေးများတောင်းဆိုမှုများမှသည် ဒီမိုကရေစီရေးလှုပ်ရှားမှုများနှင့် လူမျိုးရေးမငြိမ်သက်မှုများအထိ  အနောက်တိုင်းကျောထောက်နောက်ခံပြုထားသော အဖျက်အမှောင့်များအဖြစ် တရုတ်အစိုးရက ယူဆထားပြီး ပြည်တွင်း၌ အတိုက်အခံများကို ဖိနှိပ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။

တရုတ်အာဏာပိုင်များသည် မကြာသေးမီက ဆန္ဒပြမှုများနှင့် ပတ်သက်သည့် အမျိုးသမီး ၄ ဦးကို ဖမ်းဆီးခဲ့သည်။

ရဲတပ်ဖွဲ့က အဆိုပါအမျိုးသမီးများအား ပြည်ပစာတိုပေးပို့သည့် လူမှုမီဒီယာများ အသုံးပြုခြင်း သို့မဟုတ် စာဖတ်အသင်းများကဲ့သို့သော အမျိုးသမီးရေးရာ လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ကြောင်း ၎င်းတို့နှင့်နီးစပ်သူများက New York Times သို့ ပြောကြားခဲ့သည်။ 
တရုတ်ဝါဒဖြန့်မီဒီယာများက အမျိုးသမီးဝါဒကို နိုင်ငံခြားသြဇာလွှမ်းမိုးရေးလက်နက်အဖြစ် ရှုတ်ချထားသည်။

ခိုင်မာသော ခံယူချက်များနှင့် အမြင်များကို ထုတ်ဖော်ပိုင်ခွင့်ရှိသည်ဟု ယုံကြည်ခြင်းကြောင့် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း အမျိုးသမီးများက ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly