ဗကသများအဖွဲ့ချုပ်မှဦးဆောင်၍ ရန်ကုန်မြို့တနေရာတွင် စစ်အာဏာရှင်အား သပိတ်မှောက်ဆန္ဒပြ

By ဂန္ဒမာ (မဇ္ဈိမ)
08 February 2023
ဗကသများအဖွဲ့ချုပ်မှဦးဆောင်၍ ရန်ကုန်မြို့တနေရာတွင် စစ်အာဏာရှင်အား သပိတ်မှောက်ဆန္ဒပြ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်၍ ရန်ကုန်မြို့တနေရာတွင် ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက စစ်အာဏာရှင်အား သပိတ်မှောက် ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
 
“အဓိကဒီနေ့လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ အခုလိုကျပ်တည်းနေတဲ့ကာလအတွင်းမှာ စစ်အုပ်စုကနေ မတရားသဖြင့် ရွေးကောက်ပွဲကိုအတင်းအကျပ်စီစဥ်နေတာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်အုပ်စု က ဘယ်လောက်ဖိအားပေးပေး မတရားသဖြင့်ကျင်းပမယ့်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင် ကြဖို့အတွက် ရည်ရွယ်ပြီးတော့ထွက်တာဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲဦးဆောင်သူက မဇ္ဈိမကိုဖြေကြားသည်။

အဆိုပါဆန္ဒပြပွဲကို အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့် Burma Youth Revolutionary Force ( BYRF)တို့ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး “ဖက်ဆစ်ရွေးကောက်ပွဲကိုဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖြတ်ကြ” စာသားပါ ဘန်နာဖြင့် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required