ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ် 

By ဂန္ဒမာ (မဇ္ဈိမ)
08 February 2023
ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ် 

ဂန္ဒမာ 

(မဇ္ဈိမ)။။ "ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကိုအမြစ်​ပြတ်တိုက်ဖြတ်ကြ" စာသားပါ ဘန်နာကိုင်စွဲကာ ရန်ကုန်မြို့တစ်နေရာတွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲကို ယနေ့ ဖော်ဖော်ဝါရီလ ၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) ၊ အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့် Burma Youth Revolutionary Force ( BYRF)တို့ ပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ 

ပြည်သူများကြုံတွေ့နေရသည့် အဘက်ဘက်က အကျပ်အတည်းများမှာ စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်ကြောင်း၊ စစ်ယန္တရားလည်ပတ်မှုတွေကို ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ လိုအပ်ကြောင်း ယခုလို ရန်ကုန်ရှိလမ်းမထက်တွင် မြေပြင်သပိတ် ဆန္ဒပြလှုပ်ရှားမှုများ ပြန်လည်ပြုလုပ်၍ တိုက်တွန်းခြင်းဖြစ်ကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required