မြန်မာနိုင်ငံရေးအခက်အခဲက အာဆီယံဒေသအတွင်းရှိနိုင်ငံများထက် အိမ်နီးချင်းနိုင်ငံများအပေါ် ပိုမိုသက်ရောက်မှုများဖြစ်နေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံရေးအခက်အခဲက အာဆီယံဒေသအတွင်းရှိနိုင်ငံများထက် အိမ်နီးချင်းနိုင်ငံများအပေါ် ပိုမိုသက်ရောက်မှုများဖြစ်နေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ပြော

ဖေဖော်ဝါရီလ ၇ ရက်

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေဟာ အာဆီယံဒေသတွင်းက တခြားနေရာတွေ ထက်အိမ်နီးချင်းနိုင်ငံတွေကို ပိုပြီးထိခိုက်မှုရှိလာတာကြောင့် ဒေသတွင်းအကြောက်တရားနဲ့ စိုး ရိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ချ်နန်က ပြောပါ တယ်။

အဲဒီသက်ရောက်မှုတွေကြောင့်လည်း အာဆီယံဒေသအတွင်းရှိ နိုင်ငံများထဲမှာလည်း မြန်မာနိုင်ငံရေးပြဿနာနဲ့ပတ်သက်ပြီး စိုးရိမ်မှုမတူညီကြကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ လိုအပ်နေပြီး၊ အာဆီယံ သဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်အောင် မြန်မာနိုင်ငံကို တွန်းအားပေးနိုင်ဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများကြား စုစည်းညီညွှတ်မှုရှိဖို့ လိုအပ်ကြောင်း ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly