အမေရိကန်က ထိုင်ဝမ်ကို စစ်ရေးအကူအညီပေးခြင်းက တရုတ်၏လက်ဦးတိုက်ခိုက်မှုကို  ဖြစ်စေနိုင်

By ANI
07 February 2023
အမေရိကန်က ထိုင်ဝမ်ကို စစ်ရေးအကူအညီပေးခြင်းက တရုတ်၏လက်ဦးတိုက်ခိုက်မှုကို  ဖြစ်စေနိုင်

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်သည် ၂၀၂၄ ခုနှစ်မှ စ၍ စစ်မှုမထမ်းမနေရသက်တမ်းကို ၄ လမှ ၁ နှစ်အထိ တိုးမြှင့် ဆုံးဖြတ်ခဲ့ခြင်းသည် ထိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေးဖိအားများကြောင့် ဖြစ်သည်။ 

ယခုအခါ အမေရိကန်သည် ထိုင်ဝမ်ပြည်သူများအတွက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးခြင်းဖြင့် အရေးပေါ်အခြေအနေတွင် ကူညီပေးလာကြောင်း The Hong Kong Post က ဖော်ပြခဲ့သည်။
"ထိုင်ဝမ်ဟာ အင်အား လျှော့ချမှု မစခင် ၂၀၀၈ ခုနှစ်က အနေအထားဆီ ပြန်သွားနေတာပါ" ဟု ထိုင်ဝမ် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း Kitsch Liao ၏ သုတေသနအဖွဲ့ Doublethink Lab မှ စစ်တပ်နှင့် ဆိုက်ဘာရေးရာ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

"ဒီစနစ်ကို ပြန်လည်အသက်သွင်းဖို့အတွက် သမ္မတကို ယုံကြည်ရမှာဖြစ်ပေမယ့် အဟန့်အတားရဲ့ အဓိကအချက်ဖြစ်တဲ့ စစ်အင်အားပြဿနာကိုတော့ သူတို့ မဖြေရှင်းနိုင်ဘူး" Kitsch Liao အဖွဲ့က ပြောသည်။ စစ်မှုထမ်းခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုသည် စစ်အင်အားတွင် ရေရှည်လိုအပ်ချက်ကို ဖြည့်ဆည်းရန် အရေးပေါ် စီမံချက်ထက်တစ်ခုထက် မပိုကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှု အစီအစဉ်အရ ထိုင်ဝမ်ပြည်သူများသည် အပြင်းအထန်လေ့ကျင့်မှုများ၊ သေနတ်ပစ်လေ့ကျင့်မှုများနှင့် အမေရိကန်တပ်ဖွဲ့များ အသုံးပြုသော တိုက်ခိုက်ရေး လမ်းညွှန်မှုများကို သင်ယူရမည် ဖြစ်သည်။ ထို့ပြင် Stinger လေယာဉ်ပစ်ဒုံးကျည်များနှင့် တင့်ကားဖျက်ဒုံးကျည်များ အပါအဝင် လက်နက်ကြီးများအသုံးချမှုကိုလည်း လေ့ကျင့်ရမည်ဖြစ်သည်။ 
စစ်မှုထမ်းများကို အဓိကကျသော အခြေခံအဆောက်အဦများအား စောင့်ကြပ်ရန် တာဝန်ပေးကာ တရုတ်ကျူးကျော်လာပါက ပုံမှန်တပ်ဖွဲ့များ တိုက်ခိုက်မှုအားကောင်းစေရန် ကူညီပေးနိုင်မည်ဖြစ်သည်။ 
ယင်းသင်တန်းသည် တိုးချဲ့လေ့ကျင့်မှု တစ်ခုဖြစ်သော်လည်း ၂၀၂၇ ခုနှစ်နှင့် နောက်ပိုင်းတွင် လက်ရှိ ကျွမ်းကျင်စစ်အင်အား ၁၆၅ ၀၀၀ အပြင် နှစ်စဉ် လူအင်အား ၆၀ ၀၀၀ မှ ၇၀ ၀၀၀ ထပ်တိုးလာမည်ဖြစ်သည်။ 

ထိုင်ဝမ်၏ လုပ်ဆောင်ချက်များကြောင့် စစ်အင်အားအရေအတွက် တိုးလာနိုင်သော်လည်း လက်ရှိတွင် တရုတ်နိုင်ငံက လက်ဦးရယူကာ တိုက်ခိုက်နိုင်ခြေများလာကြောင်း ကျွမ်းကျင်သူများက ယုံကြည်ထားသည်။

 ပြိုင်ဘက်များက စစ်ရေးအားသာမှုရလိမ့်မည်ဟု စိုးရိမ်လာပါက ကျူးကျော်သူများသည် တစ်ခါတစ်ရံ ကြိုတင်လက်ဦးမှုရယူကာ စတင်တိုက်ခိုက်နိုင်ကြောင်း အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံလုံခြုံရေးအကြံပေးဟောင်း မက်သရူးပေါ်တင်ကာက ပြောသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly