စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း

By ပါခွီး (မဇ္စျိမ)
06 February 2023
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်ကောင်စီကကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ကြသည်။

ကလေးမြို့ပင်မသပိတ်အဖွဲ့ဝင်များသည် ရက်ပေါင်း ၇၃၀ ရက်မြောက် အာဏာရှင်ဆန့်ကျင်ရေးအဖြစ်  “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာတမ်းကို ကိုင်ဆောင်ကာ  ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

စစ်အာဏာရှင်၏ ခေတ်အဆက်ဆက်ဖိနှိပ်ချုပ်ချယ်မှုများ အပြီးတိုင်ချုပ်ငြိမ်းသွားစေရန် မိဘပြည်သူများ အနေဖြင့်  ငြိမ်ခံမနေဘဲ လမ်းမပေါ်သို့တက်ကာ အလံနှင့်အသံကြားရာအရပ်မှ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။
ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ ခုနှစ်မှစတင်၍ နေ့စဉ် မပျက် မကွက် ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်နေကြခြင်းဖြစ်သည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required