မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၃ ဦးသေဆုံး

By MTO (မဇ္ဈိမ)
05 February 2023
မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၃ ဦးသေဆုံး

ဖေဖော်ဝါရီလ ၅ ရက်

စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ချောင်ဦးလမ်းပိုင်းတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းက ကင်း ပတ်ထွက်လာသည့် တပ်ဖွဲ့ဝင် ၁၀ ဦးပါ စစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံး သွားကြောင်း ရှမ်းရှမ်းတောက်တပ်ဖွဲ့ခေါင်းဆောင် ကိုကျော်ကြားသူက မဇ္ဈိမကိုပြောသည်။

“သူတို့ ကင်းလှည့်နေတဲ့အချိန်မှာ မိုင်းကွင်းထဲရောက်လာလို့ မိုင်းဆွဲခဲ့တာပါ။ နေရာမှာတင် နှစ်ယောက် သေတယ်၊ သူတို့စခန်းထဲရောက်မှ တစ်ယောက်ထပ်သေတယ်” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်များသည် လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသန်း ပြစ်ခတ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်များသည် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် နေရာအနီးတွင် စစ်ဆေးမေးမြန်းခြင်း ကင်ပုန်းဝပ်ခြင်များကို ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

ယခုတိုက်ခိုက်မှုများကို ရှမ်းရှမ်းတောက်အထူးတပ်ဖွဲ့၊ ချောင်းဦးမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CLDF)၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း တပ်ခွဲ(၄) ချောင်းဦးမြို့နယ် ပ.လ.ဖ အဖွဲ့များကပူးပေါင်း ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly