အမေရိကန်တက္ကသိုလ်များမှ တရုတ်ကျောင်းသားများ ကွန်မြူနစ်ပါတီ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရ 

အမေရိကန်တက္ကသိုလ်များမှ တရုတ်ကျောင်းသားများ ကွန်မြူနစ်ပါတီ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရ 

ကွန်မြူနစ်ပါတီ၏ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ကန့်ကွက်သော တရုတ်တက္ကသိုလ်ကျောင်းသားများ၏ ဆန္ဒပြမှုများကို အမေရိကန်ရှိ တရုတ်ကျောင်းသားများက ကြိုဆိုခဲ့ကြပြီး ယခုအခါ ကမ္ဘာတစ်ဝန်းရှိ တရုတ်ကျောင်းသားများသည် တရုတ်လျှို့ဝှက်ရဲစခန်းများနှင့် အခြားသော နည်းလမ်းများဖြင့် တရုတ်မှ ကွန်မြူနစ်အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း The Daily သတင်းစာက ဖော်ပြလိုက်သည်။  

အမေရိကန်ပညာရေးပုံစံသည် အတွေးအခေါ်များကို လွတ်လပ်စွာ ငြင်းခုံဆွေးနွေးပိုင်ခွင့်ကို အမြဲဦးစားပေးသည်။ 

ယခုအခါ တရုတ်ကျောင်းသားများသည် နှုတ်ဆိတ်နေရန် သို့မဟုတ် တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ဆန္ဒပြမှုအား ရပ်တန့်ရန် CCP ၏ ပြင်းထန်သော ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။ 

အမေရိကန်တက္ကသိုလ်များသည် အခြေခံစည်းမျဉ်းများနှင့်ပတ်သက်ပြီး ကမ္ဘာတွင် အာဏာရှင်အဆန်ဆုံးအင်အားစုဖြစ်သော CCP ကိုယ်စားလှယ်များ၏ ခြိမ်းခြောက်မှုကို ပိုမိုခံလာရကြောင်း အမေရိကန် သတင်းဝက်ဘ်ဆိုဒ် ဖြစ်သည့် The Daily Beast က ဖော်ပြခဲ့သည်။ 

အမေရိကန်တက္ကသိုလ်များရှိ တရုတ်ကျောင်းသားများသည် CCP ကို သစ္စာခံရန် သို့မဟုတ် နေရပ်ပြန်မည်ဆိုပါက နှုတ်ဆိတ်နေရန် သတိပေးခံထားရသည်။ 

CCP ကို ထောက်ခံမှုသည် တရုတ်ကို အထောက်အပံ့ဖြစ်သည်ဟု ယုံကြည်သော တရုတ်ကျောင်းသားများနှင့် ပညာရှင်များက ယင်းအစီအစဉ်ကို ကျောထောက်နောက်ခံပြုထားသည်။ 

တရုတ်ကျောင်းသားများနှင့် ပညာတော်သင်များအသင်း (CSSA) သည် CCP ၏ လုပ်ငန်းစဉ်အရ တရုတ်အနာဂတ်အကြောင်းဆွေးနွေးရာတွင် အနောက်နိုင်ငံတက္ကသိုလ်များမှ တရုတ်အဖွဲ့ဝင်များကို အခွင့်အရေးမပေးပေ။ 

CSSA အသင်းကို ၁၉၈၀ ပြည့်နှစ်များအစောပိုင်းက အနောက်တိုင်းတက္ကသိုလ်များတွင် ပထမဆုံးတည်ထောင်ခဲ့ သည်။ 

နိုင်ငံခြားတွင် တရုတ်ကျောင်းသားအများအပြားရှိသည့် နေရာတိုင်းတွင် CSSA အဖွဲ့ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။  

တရုတ်ကျောင်းသားများနှင့် ပညာတော်သင်များအသင်း (CSSA) သည် တရုတ်အစိုးရမူဝါဒကို ဆန့်ကျင်သည့် ဟောပြောသူများ၊ ဆန္ဒပြမှုများနှင့် တက်ကြွလှုပ်ရှားသူများကို တားဆီးရန် အမြဲကြိုးစားနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly