အသံတိတ်သပိတ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ထပ်မံလုပ်ဆောင်မည်ဟု သတင်းမှားဖြန့်နေ

အသံတိတ်သပိတ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ထပ်မံလုပ်ဆောင်မည်ဟု သတင်းမှားဖြန့်နေ

မဇ္ဈိမ ။    ။နွေဦးတော်လှန်ရေးအင်အားစုများက အသံတိတ်သပိတ်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထပ်မံ လုပ်ဆောင်မည်ဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ဖြန့်ဝေလျက်ရှိနေသည်။ 

ကျော်စွာ (Kyaw Swar) အမည်ရှိတယ်လီဂရမ်ချန်နယ်၌ ဖေဖော်ဝါရီလ ၃ ရက်နေ့က “၁ ရက်နေ့တုံးက လူမသိသူမသိပြီးသွားပြီ Photo အတုလေးတွေနဲ့ဂျင်းထည့်ကြရသေးတာ အခု ၆ ရက်နေ့ဆိုပဲ။ ချေး ခြောက်ရေနှူး မပြီးနိုင်မစီးနိုင်ဖြစ်နေကြတာ။ အနေအစားချောင်ဖို လောက်ပဲထင်ပါတယ်။" ဟု (မူရင်း အရေးအသားအတိုင်း) ရေးသားဖြန့်ဝေထားသည်။ ထိုအကြောင်းကို အခြားချန်နယ်များတွင်လည်း ပျံ့နှံ့ နေပြီး ကြည့်ရှုသူ ၂၀,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။ 

သတင်းတုတွင် နွေဦးတော်လှန်ရေးတတ်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါက်တာတေဇာစန်းအကောင့် မှ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အသံတိတ်သပိတ်ပြုလုပ်မည်ဟုလှုံ့ဆော်နေကြောင်း ပုံလည်း ပါဝင် သည်။ 

မဇ္ဈိမ၏အချက်အလက်စစ်ဆေးချက်များအရ သတင်းတုတွင်ပါဝင်သောပုံသည် ဇန်နဝါရီလ ၂၇ ရက်နေ့ တွင် ဒေါက်တာတေဇာဆန်းမှ  နွေဦးတော်လှန်ရေး (၂)နှစ်ပြည့်အတွက် အသံတိတ်သပိတ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည့်ပိုစ့်အား လိုသလိုပြန်လည်ပြုပြင်ထားခြင်းဖြစ် သည်။ လင့်- https://bit.ly/3DI1glc

ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အသံတိတ်သပိတ် ပြုလုပ်မည်ဖြစ်ကြောင်းကို မည်သည့် နွေဦးတော်လှန်ရေး အင်အားစုများမှလည်း ကြေညာထားခြင်း မရှိပေ။ 

မဇ္ဈိမမှ ဒေါက်တာတေဇာစန်းအား အသံတိတ်သပိတ်ပြုလုပ်ရန် လှုံ့ဆော်ထားခြင်း ရှိ/မရှိ မေးမြန်းခဲ့ရာ ထိုသို့ရေးသားချက်မျိုးမရှိကြောင်း စစ်ကောင်စီလော်ဘီများမှ လူထုဝေဝါးအောင် လျှောက်ရေးထားခြင်း ဖြစ်ကြောင်း စာဖြင့်ဖြေဆိုသည်။  

သတင်းတုနှင့်ပတ်သက်၍လည်း ၎င်းမှ “ အထူးထွေတော့ပြောစရာမရှိပါဘူး။ စစ်အာဏာရှင်နဲ့ သူတို့ကို ထောက်ခံတဲ့ စစ်အုပ်စုတွေကတော့ ဒီလိုပဲ တော်လှန်ရေးကိုနှောင့်နှေးအောင် ပျက်ပြားအောင်ရော ပုံမှား ရိုက်မယ်။ အောက်လုံးနည်းတွေ သုံးမယ်ပေါ့ဗျာ။ ဒါတွေကိုသူတို့လုပ်ရိုးလုပ်စဉ်တွေပါပဲ။ ကျွန်တော်တို့ ပြည်သူလူထုကတော့ ဒီအပေါ်မှာ ဘာမှ ဝေဝါးသွားမှာမဟုတ်ဘူး။ ထွေပြားသွားမှာလည်း မဟုတ်ဘူး။ ကိုယ့်တော်လှန်ရေးခရီးကို အရှိန်ဟုန်ကောင်းကောင်းနဲ့ဆက်ချီတက်ကြဖို့ပါပဲ” ဟု ဆိုသည်။ 

ထို့ကြောင့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အသံတိတ်သပိတ်ထပ်မံလုပ်ဆောင်မည့် ရေးသားချက်မှာ ဒေါက်တာတေဇာစန်း၏ ပုံရိပ်ကို သုံး၍ တမင်ဖန်တီးထားသည့် သတင်းတုသာ ဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly