အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် ပစ်ခတ်မှုအတွင်း တရုတ်နိုင်ငံသား ၅ ဦး သေဆုံး 

By CNN   
03 February 2023
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် ပစ်ခတ်မှုအတွင်း တရုတ်နိုင်ငံသား ၅ ဦး သေဆုံး 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဟာ့လ်ဖ်မွန်းဘေးမြို့၌  ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် သေဆုံးသူ ၇ ဦးအနက် ၅ ဦးမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးက ဇန်နဝါရီလ ၂၆ ရက်တွင် အတည်ပြုသည်။ 

ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသတွင် ဇန်နဝါရီလ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် ပတ်ခတ်သတ်ဖြတ်မှုအပေါ် ကောင်စစ်ဝန်ရုံးက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး သေဆုံးခဲ့သူများ၏ မိသားစုများထံ ဝမ်းနည်းကြောင်း သတင်းစကားပါးခဲ့သည်။

“မိမိတို့အနေဖြင့် အမေရိကန်ရှိ သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်နေပြီး စုံစမ်းစစ်ဆေးမှုဆိုင်ရာ နောက်ဆုံးအခြေအနေများကို  သေချာစောင့်ကြည့်နေကြောင်းနှင့် လက်ရှိတွင် သေဆုံးသူများ၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရထားပြီး ကောင်စစ်ဝန်ရုံးမှ တတ်နိုင်သမျှ အကူအညီများ ပေးအပ်သွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပစ်ခတ်မှုသည် ကမ်းရိုးတန်းရပ်ကွက်ငယ်တစ်ခုရှိ မှိုစိုက်ပျိုးရေးခြံနှင့် ၂ မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုတိုက်ခိုက်မှုသည် လူ ၁၁ ဦး သေဆုံးခဲ့သည့် မွန်တာရီပန်းခြံတိုက်ခိုက်မှုအပြီး ၃ ရက်အကြာတွင် ပြည်နယ်အတွင်း ဒုတိယမြောက် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ ဟာ့လ်ဖ်မွန်းဘေးမြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက်ပစ်ခတ်မှုကျူးလွန်ခဲ့သည့် သံသယရှိသူအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည်။ 

သံသယရှိသူ အသက် ၆၆ နှစ်အရွယ် ချွန်းလီကျောင်းသည် တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး ဒေသဆိုင်ရာရဲတပ်ဖွဲ့က ၎င်းအား မသိရှိပေ။ ချွန်းလီသည် ယခင်က အကြမ်းဖက်မှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။  
ချွန်းလီကျောင်းကို ဇန်နဝါရီလ ၂၃ ရက်တွင် ဖမ်းဆီးခဲ့ပြီး လူသတ်မှု ၇ မှု၊ လူသတ်မှုကျူးလွန်ရန် ကြိုးပမ်းမှု ၁ မှုတို့ဖြင့် ဆန်မတ်တီယိုခရိုင်ရှေ့နေရုံးက ဇန်နဝါရီလ ၂၅ ရက်တွင် တရားဝင် စွဲချက်တင်ခဲ့သည်။

ပစ်ခတ်မှုကိုကျူးလွန်ရသည့်အကြောင်အရင်းကိုမူ မသိရသေးပေ။ သို့သော် တိုက်ခိုက်မှုသည် လုပ်ငန်းခွင်အကြမ်းဖက်မှုဖြစ်ပြီး ချွန်းလီသည် မိမိလုပ်ကြံမည့်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု အာဏာပိုင်များက ဇန်နဝါရီလ ၂၄ ရက်က ပြောကြားခဲ့သည်။
 ချွန်းလီသည် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများ၏ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးဖြစ်နိုင်သည်ဟု ဆန်မက်တီယို စီရင်စုရဲတပ်ဖွဲ့မှူးရုံးက ပြောကြားခဲ့သည်။

ချွန်းလီသည် သေနတ်ကို တရားဝင်ကိုင်ဆောင်ခွင့်ရထားသူဖြစ်ပြီး မိမိလုပ်ကြံမည့်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းနှင့် တစ်ကိုယ်တော် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ယူဆထားကြသည်။

ချွန်းလီက တိုက်ခိုက်မှုကို ကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့များအတွက် နောင်တရကြောင်း NBC Bay Area သတင်းဌာနနှင့် ထောင်အတွင်း တွေ့ဆုံမေးမြန်းမှုတွင် ဇန်နဝါရီလ ၂၄ ရက်က ပြောကြားခဲ့သည်။
ချွန်းလီက ပစ်ခတ်မှုဖြစ်ပွားသည့်အခိုက်အတန့်တွင် ၎င်းအနေဖြင့် စိတ်တွင် မည်သို့ဖြစ်သွားမှန်း မသိကြောင်းနှင့် ပုံမှန်စိတ်အခြေအနေမဟုတ်ခဲ့ကြောင်း ဖြေဆိုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly