တနင်္သာရီမြို့ရှိ လွတ်မြောက်နယ်မြေတစ်ခုတွင် PDF များဝန်းရံပြီး စစ်အာဏာသိမ်းခြင်း ၂ နှစ်ပြည့် ဆန္ဒပြ

By ကိုရွှေမြိတ်(မဇ္ဈိမ)
02 February 2023
တနင်္သာရီမြို့ရှိ လွတ်မြောက်နယ်မြေတစ်ခုတွင် PDF များဝန်းရံပြီး စစ်အာဏာသိမ်းခြင်း ၂ နှစ်ပြည့် ဆန္ဒပြ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက PDF များ၊ ပကဖများ ဝန်းရံပြီး စစ်အာသိမ်းခြင်း ၂ နှစ်ပြည့်အထိန်းအမှတ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေး အဖွဲ့ တာဝန်ခံက “ကျွန်တော်တို့ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ရွာထဲမှာပဲ လုပ်ခဲ့တာပါ။ ရွာလုံးကျွတ် ပူးပေါင်း ပါဝင်ခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။

စာတည်း ။ ။ Alden
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required