ထိုင်ဝမ်၏ ကာကွယ်ရေးရည်မှန်းချက်များ ပြည့်မီရန် အရပ်ဘက်ကာကွယ်ရေး ပြုပြင်ပြောင်းလဲမှုများ လိုအပ်ဟု ကျွမ်းကျင်သူများ ပြော

By Focus Taiwan
02 February 2023
ထိုင်ဝမ်၏ ကာကွယ်ရေးရည်မှန်းချက်များ ပြည့်မီရန် အရပ်ဘက်ကာကွယ်ရေး ပြုပြင်ပြောင်းလဲမှုများ လိုအပ်ဟု ကျွမ်းကျင်သူများ ပြော

တရုတ်၏ လုံခြုံရေးခြိမ်းခြောက်မှုကို တန်ပြန်ရန် ထိုင်ဝမ်တွင် မဖြစ်မနေစစ်မှုထမ်းခြင်းအား ၄ လမှ ၁ နှစ် အထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း သမ္မတ စိုင်အင်ဝမ်က ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာထားသည်။

“စစ်ကို ဘယ်သူမှ မလိုလားပါဘူး။ ထိုင်ဝမ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်ရဲ့ စစ်ရေးအကျပ်ကိုင်မှု ပိုခံလာရပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ တိုးမြှင့်ရင်း စစ်မှုမထမ်းမနေရသက်တမ်းတိုးဖို့ လိုအပ်လာခဲ့ပါတယ်” ဟု စိုင်က ပြောသည်။

အချိုးမညီအင်အားမမျှသော စစ်ပွဲဗျူဟာကို ချမှတ်ရခြင်း၊ ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်ခြင်း၊ ပြည်တွင်းဖြစ် ဒုံးကျည်များနှင့် ရေငုပ်သင်္ဘောများ တီထွင်ခြင်းနှင့် အရန်တပ်ဖွဲ့များလေ့ကျင့်မှု တိုးမြှင့်ခြင်းအပါအဝင် ကာကွယ်ရေးအနေအထား အားကောင်းလာရေး အစီအမံများကို ထိုင်ဝမ်က လုပ်ဆောင်လာသည်။
သို့သော် အရပ်ဘက်ကာကွယ်ရေးကဏ္ဍကို လျစ်လျူရှုထားဆဲဖြစ်ပြီး မဖြစ်စလောက်သာ လုပ်ဆောင်ပေးသည်။ 

ထိုင်ဝမ်က အရပ်ဘက်ကာကွယ်ရေးကို အချိန်အတော်ကြာ လျစ်လျူရှုထားပြီး ရန်ပုံငွေအားဖြင့်သာမက သတ်မှတ်ထားသည့်အတိုင်း အရေးတကြီးကိုင်တွယ်ရန် လိုအပ်ကြောင်း ဥပဒေပြုအမတ်များနှင့် စစ်ဘက်ကျွမ်းကျင်သူများက သတိပေးထားသည်။
ဂျပန်ကိုလိုနီအုပ်စိုးချိန် ၁၈၉၅ ခုနှစ်မှ ၁၉၄၆ ခုနှစ်အတွင်း ထိုကဏ္ဍတည်ရှိခဲ့သော်လည်း ထိုင်ဝမ်ပြည်သူအများစုသည် ရှိရင်းစွဲအရပ်ဘက်ကာကွယ်ရေးစနစ်နှင့်ပတ်သက်၍ သိရှိမှု အားနည်းသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျပန်လက်အောက်မှ လွတ်မြောက်လာပြီးနောက် ထိုင်ဝမ်အစိုးရက တခြားတရုတ်ပြည်နယ်များ လုပ်ဆောင်သကဲ့သို့ လေကြောင်းတိုက်ခိုက်မှုကာကွယ်ရေးနှင့် ရွှေ့ပြောင်းရေး တာဝန်များကို ကြီးကြပ်သည့် ထိုင်ဝမ်ပြည်နယ် ဝေဟင်ကာကွယ်ရေးကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ထိုင်ဝမ်အစိုးရသည် တရုတ်ပြည်တွင်းစစ်တွင် စစ်ရှုံးပြီးနောက် ထိုင်ဝမ်သို့ ပြောင်းလာသည့် ၁၉၄၉ ခုနှစ်အလွန်တွင်  ထိုင်ဝမ်ပြည်နယ် ဝေဟင်ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်ကို ထိုင်ဝမ်အရပ်ဘက်ကာကွယ်ရေးကွပ်ကဲမှုဌာနအဖြစ် ပြောင်းလဲခဲ့ပြီး တရုတ်ခြိမ်းခြောက်မှု ဆက်လက်တည်ရှိနေသောကြောင့် ထိုင်ဝမ်တွင် အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ခွဲများကို တည်ထောင်ခဲ့သည်။

ထိုမူဘောင်အရ လူဦးရေ ၂၁ ဒသမ ၂၅ သန်းရှိသည့်ထိုင်ဝမ်တွင် ၂၀၂၂ ခုနှစ်အထိ အရပ်ဘက်ကာကွယ်ရေးကဏ္ဍ များတွင် အဖွဲ့ဝင်ပေါင်း ၄၂၀ ဝ၀ဝ ကျော်ရှိကာ ယင်းကဏ္ဍအတွက် လုံလောက်သောအင်အားရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly