စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန် ကုလသမဂ္ဂရုံးအဆောက်အအုံ နံရံပေါ်တွင် မြန်မာ့အရေး တောင်းဆိုမှုများကို မီးစလိုက်ထိုး၍ ဆန္ဒပြ (ပုံသတင်း)

By ဂျူနို
02 February 2023
စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန် ကုလသမဂ္ဂရုံးအဆောက်အအုံ နံရံပေါ်တွင် မြန်မာ့အရေး တောင်းဆိုမှုများကို မီးစလိုက်ထိုး၍ ဆန္ဒပြ (ပုံသတင်း)

(မဇ္ဈိမ)။  ။မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန် ဖေဖော်ဝါရီလ ၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ရှိကုလသမဂ္ဂ (UN) ရုံးချုပ်နံရံပေါ်တွင် မြန်မာ့အရေး ဖိအားပေးတောင်းဆိုမှုများကို မီးစလိုက်ထိုး၍ ဆန္ဒပြကြကြောင်း သိရှိရသည်။ 

ပြည်သူလူထုမှရွေးကောက်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော်ကို ခေါ်ယူခွင့်မပြုဘဲ စစ်ကောင်စီမှ ပြည်သူ့အာဏာကို မတရားသိမ်းယူထားသည်မှာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ 

မြန်မာပြည်တွင်းမှ ဒီမိုကရေစီလိုလားသူ ပြည်သူလူထုက silent strike ဖြင့် အာဏာရှင်စနစ်ကို လက်မခံကြောင်း  ဖေဖော်ဝါရီလ ၁ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဆန့်ကျင်ဆန္ဒပြကြသကဲ့သို့  အမေရိကန်၊ လန်ဒန်၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ အစရှိသော နိုင်ငံများတွင် ပြည်ပရောက် မြန်မာပြည်ဖွားများကလည်း ဆန္ဒပြပွဲကျင်းပခဲ့ကြကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required