“ကယ်တင်ရှင် ဘယ်သောခါမှမရှိ” စာသားကိုင်ဆောင်ကာ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

By ဂန္ဒမာ
01 February 2023
“ကယ်တင်ရှင် ဘယ်သောခါမှမရှိ” စာသားကိုင်ဆောင်ကာ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

(မဇ္ဈိမ)။။ ရန်ကုန် လူထုသပိတ်မှဦးဆောင်ကာ “ကယ်တင်ရှင် ဘယ်သောခါမှမရှိ” ဟူသည့် စာသားကိုင်ဆောင်ကာ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေခင်းက ပြုလုပ်ခဲ့သည်။

ယနေ့သည် စစ်တပ်မှ အာဏာသိမ်းယူသည့် နှစ်နှစ်ပြည့်သည့်နေ့ဖြစ်သဖြင့် ရန်ကုန်လူထုသပိတ် ရဲဘော်များနှင့်အတူ ပြည်သူများမှ မြဝတီမြို့တစ်နေရာတွင် ယခုကဲ့သို့ စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြကြခြင်းဖြစ်သည်။

ရည်ရွ​ယ်ချက်မှာ ပြည်သူလူထုအနေဖြင့် တော်လှန်ရေးကာလ နှစ်နှစ်ပြည့်သည်ထိ ဆုံးရှုံးခဲ့ရသော မိမိ၏ အခွင့်အရေး၊ လွတ်လပ်မှုတို့အတွက် ကယ်တင်ရှင်မမျှော်လင့်ဘဲ ကိုယ်တိုင် စစ်အာဏာရှင်စနစ်ကို အဆုံးထိ လက်မလျှော့ဘဲ ဆက်လက်တိုက်ဖျက်ကြရန် တိုက်တွန်းနှိုးဆော်လိုသောကြောင့်ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly