အာဏာသိမ်းမှု ၂နှစ်မြောက်‌နေ့အဖြစ် ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသတွင် ဒေသခံများ ဆန္ဒထုတ်ဖော်

By သွင်ထူးဈာန်(မဇ္ဈိမ)
01 February 2023
အာဏာသိမ်းမှု ၂နှစ်မြောက်‌နေ့အဖြစ် ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသတွင် ဒေသခံများ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသတွင် ယနေ့ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းမှု နှစ်နှစ်မြောက်နေ့ဖြစ် ဒေသခံပြည်သူလူထု ၁,၅၀၀ကျော်ဖြင့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

“ကျနော်တို့ အခုလိုဆန္ဒဖော်ထုတ်ရတာဟာ စစ်ကောင်စီက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ကျနော်တို့ အလိုမရှိကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုစေချင်တာကြောင့် အခုလူထုဆန္ဒ ဖော်ထုတ်ရတာပါ”ဟု ပွဲစီစဉ်သူ တစ်ဦးမှ ပြောသည်။ 

ဆန္ဒပြပွဲတွင် "တို့ပြည်သူတွေညီရဲ့လားဟေ့"၊ "အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ"၊ "စစ်ခွေး(စစ်ကောင်စီတပ်)နိဂုံး ၂၀၂၃"၊ "အမျိုးသားညီညွတ်ရေးအစိုးရ တို့အစိုးရ"၊ "တိုက်ပွဲရှိရင် အောင်ပွဲရှိမယ်"၊ "မင်းအောင်လှိုင်နဲ့စစ်ခွေးတပ်- ကျရှုံးပါစေ"၊ "ပြည်သူ့အတွက် PDF" ကြွေးကြော်သံများဖြင့် ဟစ်ကြွေးချီတက် ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း သိရသည်။ 

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required