ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ လွတ်မြောက်နယ်မြေတစ်နေရာရှိ ကော်သူးလေတပ်မတော်(KTLA)က ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့် ကရင်တော်လှန်ရေးနေ့ ၇၄နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်သုံ့ပန်း ငါးဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။
“ကရင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ လူသားချင်းစာနာထောက်ထားပြီး သူတို့ ငါးဦးကို လွှတ်ပေးလိုက်တာပါ။ သူတို့ကို ဖမ်းမိတဲ့အချိန်မှာ မိသားစုဝင်တွေလည်းပါတယ်။ လသား အရွယ်ကလေးတွေလည်းပါတယ်။ ဖမ်းမိတဲ့ ငါးဦးကိုပဲ အချုပ်ချထားပြီး သူတို့မိသားစုတွေကိုတော့ လွတ်လွတ်လပ်လပ်အရင်ကတည်းက နေခွင့်ပေးထားတာပါ ။အခု သူတို့တွေ ထိုင်းဖက်က တစ်နေရာမှာ အလုပ်လုပ်ကိုင်နေပြီး မိသားစုနဲ့ အေးအေးချမ်းချမ်းနေထိုင်နေပါပြီ”ဟု ကော်သူးလေတပ်မတော်မှ အရာရှိတစ်ဦးက ပြောသည်။
VENOMစစ်ကြောင်းက ၂၀၂၂ခုနှစ် ဇွန်လ ၁၃ရက်နေ့တွင် ဝေါလေမြို့နယ် ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် ၎င်းရဲတပ်သား ငါးဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)