တောင်သာမြို့နယ် အာဏာသိမ်း ၂နှစ်ပြည့် အသံတိတ်သပိတ် မြင်ကွင်း

By ကိုခင်မောင်
01 February 2023
တောင်သာမြို့နယ် အာဏာသိမ်း ၂နှစ်ပြည့် အသံတိတ်သပိတ် မြင်ကွင်း

မဇ္ဈိမ။ ။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ရှိ ဒေသခံများကလည်း ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းမှု နှစ်နှစ်‌မြောက်နေ့အဖြစ် အသံတိတ်သပိတ် ပြုလုပ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

“အာဏာသိမ်းကတည်းက ပြည်သူကလက်မခံခဲ့တာပဲဗျ၊ အာဏာသိမ်းခံရတာ နှစ်နှစ်ပြည့်သည်အထိ ပြည်သူတွေက မိမိတို့ပိုင်ဆိုင်တဲ့ ဆန္ဒလက်နက်နဲ့ ရရာနည်းလမ်းကနေ တုံ့ပြန်နေကြတုန်းပဲ၊ တောင်သာဆိုတာ ကြံ့ဖွံ့(ကြံ့ခိုင်ဖွံ့ဖြိုးရေး)ပါတီရဲ့ အမာခံနယ်မြေဖြစ်သလို တစ်ချိန်က စစ်တပ်မှာ အကြီးတန်းပုဂ္ဂိုလ်ဖြစ်တဲ့ ဦးအောင်သောင်းနယ်မြေလည်းဖြစ်တယ်၊ ယခုလို စစ်တပ်ကကြီးစိုးပြီး ပျူတွေအရမ်းများနေတဲ့ အချိန်မှာတောင် ကျနော်တို့ တောင်သာပြည်သူတွေဟာ သတ္တိရှိရှိ၊ ရဲရဲရင့်ရင့်နဲ့ အသံတိတ်သပိတ်ကို တက်တက်ကြွကြွပါဝင်နေကြတာဆိုတော့ တောင်သာလူထုသည်လည်း နွေဦးတော်လှန်ရေးနဲ့အတူ ရှိနေပါတယ်လို့ ပြောချင်ပါတယ်” ဟု တောင်သာမြို့နေ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

၂၀၂၃ ခုနှစ်သည် နွေဦးတော်လှန်ရေးကာလ အရှိန်အမြင့်ဆုံးအချိန် ဖြစ်သကဲ့သို့ နွေဦးတော်လှန်ရေး၏ အဆုံးသတ်နှစ်မဟုတ်တောင် အဆုံးအဖြတ်တစ်ခုခု ရရှိသည့်နှစ်ဖြစ်ရန် မျှော်လင့်ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly