မုံရွာမြို့နယ် အာဏာသိမ်း ၂နှစ်ပြည့် အသံတိတ် သပိတ် မြင်ကွင်း

By ကိုခင်မောင်
01 February 2023
မုံရွာမြို့နယ် အာဏာသိမ်း ၂နှစ်ပြည့် အသံတိတ် သပိတ် မြင်ကွင်း

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ ဒေသခံများက ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အာဏာသိမ်း နှစ်နှစ်ပြည့် "တသံတည်းညီ တချီတည်းရုန်း" အသံတိတ်သပိတ် ပြုလုပ်ကြသည်။

“တော်လှန်ရေးအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ စုပေါင်းတိုက်ထုတ်ပြီး စစ်ခွေး(စစ်ကောင်စီတပ်သား)များများသေမှ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်နဲ့ လွတ်လပ်ခွင့်ကို ရနိုင်ဖို့ မျှော်လင့်မိပါတယ်ဗျ” ဟု တော်လှန်ရေးတွင် တက်ကြွလှုပ်ရှားသူ မုံရွာဒေသခံ ကိုထက်နွေဦးကပြောသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required