အာဏာသိမ်း၂နှစ်ပြည့်တွင် မန္တလေးမြို့တွင်း လမ်းများပေါ် လူအသွားအလာနည်းပါးပြီး တိတ်ဆိတ်နေ

By 007 မန္တလေး(မဇ္စျိမ)
01 February 2023
အာဏာသိမ်း၂နှစ်ပြည့်တွင် မန္တလေးမြို့တွင်း လမ်းများပေါ် လူအသွားအလာနည်းပါးပြီး တိတ်ဆိတ်နေ
အမရပူရမြို့အဝင်

စစ်တပ်ကအာဏာသိမ်းခြင်း ၂ နှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ရက် နံနက်ပိုင်းတွင် မန္တလေးမြို့တွင်းလမ်းမကြီးများပေါ်တွင် လူအသွားအလာမရှိသလောက်နည်းပါးပြီး တိတ်ဆိတ်နေသည်ကို တွေ့ရသည်။

မဖြစ်မနေသွားလာနေကြသူများမှအပ၊ ပုံမှန်လမ်းသွားလမ်းလာမရှိသည်ကိုတွေ့ရပြီး၊ ရပ်ကွက်အတွင်းလမ်းများတွင်တော့ လူအသွားအလာမရှိသလောက် အခြေအနေဖြစ်သည်။

စစ်တပ်ထောက်ခံကြသူများဘက်ကတော့၊ မန္တလေးကျုံးအရှေ့ဘက် အောင်မြေသာစံမြို့နယ် ၁၉ လမ်းနဲ့ ၆၆ လမ်းထောင့်နှင့် ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ ထောင့် ဗထူးကွင်းရှေ့ စုရပ်အသီးသီးပြုလုပ်ကာ စစ်အာဏာသိမ်းမှုထောက်ခံခြင်းလှုပ်ရှားမှုများပြုလုပ်ရန်ပြင်ဆင်နေကြသည်ကို တွေ့ရသည်။

ထို့အပြင် စစ်တပ်ထောက်ခံသူများက လမ်းများပေါ် လူအသွားအလာမပြတ်အောင် ထမင်းဘူးလျှော့စျေးဖြင့်ရောင်းချခြင်း၊ အခြေခံပညာကျောင်းများအား ကျောင်းတက်ချိန်နှစ်ကြိမ်ခွဲတက်ခိုင်းခြင်း၊ ယခင်ရက်များကဆိုင်ကယ်များအားဖမ်းဆီးပြီး ယနေ့တွင်မှပြန်ရွေးခိုင်းခြင်းတို့ဖြင့် လမ်းများပေါ်လူအသွား လာမပြတ်အောင် စီစဉ်ခဲ့ကြသည်။

သို့သော်လဲ မန္တလေးမြို့က လမ်းမများပေါ်တွင် လူအသွားအလာနည်းပါးကာ တိတ်ဆိတ်နေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က၊ စစ်တပ်က အရပ်သားအစိုးရ၏ရွေးကောက်ပွဲအနိုင်ရရှိမှုအပေါ် လက်မခံဘဲ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တာ  ယနေ့ဆိုရင် နှစ်နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်။

စစ်အာဏာသိမ်းမှုနှစ်နှစ်ပြည့်သည့် ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် နိုင်ငံအဝှမ်း အပြင်မထွက်သည့် Silent သပိတ်ပြုလုပ်ကြရန် တော်လှန်ရေး အင်အားစုများဘက်ကနှိုးဆ်ာတိုက်တွန်းထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required