တရုတ်ရင်းနှီးမြှုပ်နှံသည့်ပင်လယ်မျှော့မွေးမြူရေးခြံများကြောင့် ငါးဖမ်းလုပ်ငန်းများတဖြည်းဖြည်း ပျောက်ကွယ်မှုအပေါ် သီရိလင်္ကာရေလုပ်သားများ နောင်တရ

By ANI
31 January 2023
တရုတ်ရင်းနှီးမြှုပ်နှံသည့်ပင်လယ်မျှော့မွေးမြူရေးခြံများကြောင့် ငါးဖမ်းလုပ်ငန်းများတဖြည်းဖြည်း ပျောက်ကွယ်မှုအပေါ် သီရိလင်္ကာရေလုပ်သားများ နောင်တရ

တရုတ်သည် သီရိလင်္ကာမြောက်ပိုင်းမှ ပင်လယ်မျှော့ကို အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်သည်။ ပင်လယ်မျှော့ မွေးမြူသူတချို့က ဈေးကောင်းရခြင်းကို ကျေနပ်ကြသော်လည်း စားဝတ်နေရေးအတွက် ငါးဖမ်းလုပ်ငန်းကို မှီခို နေရသူများ၏ အခြေအနေမှာ အလွန်ဆိုးရွားနေသည်။

ငါးဖမ်းလုပ်ငန်းသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်နေကြောင်း သီရိလင်္ကာအခြေစိုက် မဟာဗျူဟာလေ့လာရေး စင်တာ (CSST) က ဖော်ပြခဲ့သည်။
ကီလီနော့ချ်ချီမြို့ရှိ ကီရန်ချီကျေးရွာတွင် အစဉ်အလာငါးဖမ်းသမားများက ပင်လယ်မျှော့ မွေးမြူရေးခြံများကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်မှာ ရက်ပေါင်း ၁၀ဝ ကျော်သွားပြီဖြစ်သည်။

မြောက်ပိုင်းကျွန်းဆွယ်တွင် ပင်လယ်အတွင်းရှိ သီးခြားဧရိယာတစ်ခုတွင် ခြံခတ်မွေးမြူရသည့်နည်းလမ်းနှင့်  ပင်လယ်မျှော့များကို ဖမ်းခြင်းတို့မှာ အကျွမ်းတဝင်မရှိသည့် အလုပ်များဖြစ်ကြောင်းဟု CSST က ဖော်ပြခဲ့သည်။
ပင်လယ်မျှော့မွေးမြူခြင်းသည် ပင်လယ်စာလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်ပေါင်း ၅၀ ကျော် တည် ရှိခဲ့ပြီးဖြစ်သည်။ ဂျက်ဖ်နာခရိုင်ရေလုပ်သားများအဖွဲ့အစည်း ဥက္ကဋ္ဌ အန်နယ်လင်ဂန် အန်နာရာဆာက Sukanth International Pv

t Ltd ကုမ္ပဏီသည် ယင်းလုပ်ငန်း လုပ်ကိုင်နေသည်မှာ မျိုးဆက် ၃ ဆက်ရှိသွားပြီဖြစ်သော်လည်း ၎င်းတို့အနေဖြင့် မကန့်ကွက်ခဲ့ဖူးကြောင်း ပြောသည်။
သို့သော် ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် မြောက်ပိုင်းပြည်နယ်ရှိ ပင်လယ်မျှော့မွေးမြူရေးစီမံကိန်းများ ပေါများလာမှုကို ကန့်ကွက်ခဲ့ကြသည်ဟု အန်နာရာဆာက ဆိုသည်။

“အဲဒီခြံတွေက ငါးတွေကမ်းဘက်တက်တာတို့၊ ငါးမျိုးပွားတာတို့ကို အဟန့်အတားဖြစ်စေပါတယ်။ ပြီးတော့ ဂျက်ဖ်နာကျွန်းဆွယ်ရဲ့ အဓိကအဏ္ဏဝါလုပ်ငန်းလည်း မဟုတ်ပါဘူး။ ပင်လယ်မျှော့မွေးမြူတာက ပို့ကုန်အတွက် လုပ်ဆောင်နေတာပါ။ မျိုးဆက်ပေါင်းများစွာ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အစဉ်အလာ ငါးဖမ်းလုပ်ငန်းကို သူတို့က ဖျက်ဆီးဖို့ကြိုးစားနေတာပါ” ဟု အန်နာရာဆာက ရှင်းပြခဲ့သည်။

ပင်လယ်မျှော့များသည် လေ့ကျင့်ခန်းလုပ်နိုင်သည့် စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်းနှင့် ပင်ပန်းနွမ်းနွယ်မှုကို ပပျောက်စေသော အာနိသင်များရှိခြင်းကြောင့် တရုတ်က သီရိလင်္ကာရှိ ပင်လယ်မျှော့မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနေခြင်းဖြစ်သည်။  တရုတ်သည် သီရိလင်္ကာမှ ပင်လယ်မျှော့မျိုးစိတ်များတင်ပို့မှုကိုလည်း မြှင့်တင်ချင်နေသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly