သက်ကြီးရွယ်အိုဦးရေများလာပြီး တိုးတက်မှုနှုန်းနှေးကွေးလာသည့် တရုတ်တွင် စီးပွားရေး ကျဆင်းလာ

By ANI  
31 January 2023
သက်ကြီးရွယ်အိုဦးရေများလာပြီး တိုးတက်မှုနှုန်းနှေးကွေးလာသည့် တရုတ်တွင် စီးပွားရေး ကျဆင်းလာ

တရုတ်၏ လူဦးရေအချိုးအစားနှင့် စီးပွားရေးတိုးတက်မှုနှုန်းက နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအကြားတွင် အကြီးမားဆုံး ပြဿနာများဖြစ်လာကြောင်း The New York Times (NYT) က ဖော်ပြလိုက်သည်။

တရုတ်သည် ကပ်ရောဂါကြောင့် ကမ္ဘာကြီးနှင့် အဆက်အသွယ်ပြတ်ပြီးနောက် ၃ နှစ်အကြာတွင်  ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း  နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံသူများကို အာမခံရန် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်းဖြင့် ဇန်နဝါရီလ ၂၀ ရက်တွင် ကမ္ဘာ့ဇာတ်ခုံပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ 
သို့သော် လျင်မြန်စွာ များပြားလာနေသော သက်ကြီးရွယ်အိုဦးရေ၊ ကုန်ထုတ်စွမ်းအားကျဆင်းခြင်း၊ ကြွေးမြီများ မြင့်မားလာခြင်းနှင့် လူမှုရေးမညီမျှမှုများ မြင့်တက်လာခြင်းက တရုတ်စီးပွားရေးအပေါ် ဆက်လက် သက်ရောက် နေမည်ဖြစ်ကြောင်း  NYT က ဖော်ပြခဲ့သည်။

တရုတ်စီးပွားရေးသည် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေပြီး ၂၀၂၂ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းမျှသာ ရှိသည်။

တရုတ်သည် တိုင်းပြည်စီးပွားရေးအနာဂတ် အလားအလာကောင်းရေးအတွက် နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ဈေးကွက်လေ့လာသုံးသပ်သူများ၊ အဓိက ရင်းနှီးမြှုပ်နှံမှုအုပ်စုများ၊ ပညာရှင်အဖွဲ့များနှင့် ထိတွေ့ဆက်ဆံလျက်ရှိသည်။ 

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဖျက်သိမ်းပြီးနောက် နိုင်ငံပြန်လည်ဖွင့်လှစ်ခဲ့သဖြင့် တရုတ်စီးပွားရေး တိုးတက် မှုနှုန်းသည် ကပ်ရောဂါအကြိုကာလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကြောင်း ဒါဗို့စ်တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) တွင် တရုတ်စီးပွားရေးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်လည်ရရှိရန် ကြိုးပမ်းသည့်အနေဖြင့် ဒုတိယဝန်ကြီးချုပ် လျူဟွတ်က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ 

နိုင်ငံလူဦးရေသည် ၂၀၂၂ ခုနှစ်တွင် ၆၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းသွားကြောင်း တရုတ်အစိုးရက ကြေညာခဲ့သည်။
စီးပွားရေးတိုးတက်မှုနှုန်းမှာလည်း ပြီးခဲ့သည့် ဆယ်စုနှစ်များစွာရှိခဲ့သည့် တိုးတက်မှုနှုန်းထက် များစွာ နိမ့်သည့် ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း အစိုးရက အတည်ပြုခဲ့သည်ဟု မကြာသေးမီက NYT သတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly